• Follow Us on

Home ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ရန်ကုန်မြို့တွင် သေဆုံးသူ ဦးရေ ၂၀ ကျော်လာ

ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ရန်ကုန်မြို့တွင် သေဆုံးသူ ဦးရေ ၂၀ ကျော်လာ

Share this post

ရန်ကုန် ၊ မတ် ၁၄ (People Media)

တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာကာ နိုင်ငံတော်အာဏာအား ရယူပြီးနောက် ဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများတွင် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ရန်ကုန်မြို့တွင် သေဆုံးသူဦးရေ ၂၀ ကျော်အထိရှိလာကြောင်း သိရသည်။

ဆန္ဒပြမှုများ စတင်ခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့တွင် သေဆုံးသူဦးရေ မရှိခဲ့ပဲ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ယနေ့အထိ သေဆုံးသူဦးရေ သည် ၂၀ ကျော်အထိရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ ရန်ကုန်မြို့၌ ဆန္ဒပြရင်း သေဆုံးသူ အများစုသည် မြောက်ဥက္ကလာပ မြို့နယ်များမှ ဖြစ်ပြီး ကျန်သေဆုံးသူများသည် ရွှေပြည်သာ ၊ ဒဂုံမြို့သစ် မြောက်ပိုင်း
၊ မင်္ဂလာဒုံ၊ ကမာရွက်၊ သင်္ဃန်းကျွန်း ၊ ပန်ပဲတန်း ၊ သာကေတ ၊ လှိုင် ၊ မြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန် မြန်မာတစ်နိုင်ငံလုံးတွင် ဆန္ဒထုတ်ဖော်မှုများအပေါ်တွင် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူဦးရေသည် ရန်ကုန် တိုင်းဒေသကြီးတွင် (၂၃) ဦး ၊ မန္တလေး တိုင်းဒေသကြီး တွင် (၁၇) ဦး ၊ မွန်ပြည်နယ် တွင် (၂) ဦး ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် (၅) ဦး ၊ နေပြည်တော်တွင် (၁) ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် (၃) ဦး ၊ မကွေးတိုင်းဒေသကြီး တွင် ( ၁၁) ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ( ၁၀) ဦး ရှမ်းပြည်နယ်တွင် (၁) ဦး ကချင်ပြည်နယ်တွင် (၂)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁) ဦး စသည့် မြို့များမှဖြစ်ကြောင်း သိရသည်။

#peoplemedia


Share this post