• Follow Us on
Latest News

Home ဆီဆိုင်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်

ဆီဆိုင်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်

Share this post

နေပြည်တော်၊ ဧပြီ ၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆီဆိုင်မြို့အပါအဝင် ဟိုပုံးမြို့နယ်၊ မဲနယ် တောင်ဒေသရှိ ပအိုဝ့်တိုင်းရင်းသားများနေထိုင်ရာ ကျေးရွာများသို့ KNPP၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ သွေးထိုးမြှောက်ပင့်စည်းရုံးမှုများကြောင့် PNLO အဖွဲ့သည် အဆိုပါ အဖွဲ့များနှင့်အတူ ဖေဖော်ဝါရီလ ၁၆ ရက်မှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင် ပုံဖျက်ဝင်ရောက်ပြီးနောက် ဒေသအချို့ရှိ တပ်မတော် တပ်စခန်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဌာန ချုပ်များအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ များအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်း များအား အတင်းအဓ္ဓမ လုယက် ယူဆောင်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လုံခြုံ ရေးတပ်ဖွဲ့ ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရကြောင်း သိရသည်။

 

အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော် သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလုံးမှပူးပေါင်း၍ ၃၂ ရက်ကြာ အစွမ်း ကုန် သောင်းကျန်းသူ ချေမှုန်းရေးအား ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ပြန်လည်တည်ငြိမ် အေးချမ်း လာပြီဖြစ်သည့်အတွက် ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာ ကျေးရွာ များသို့ ပြန်လည် အခြေချ ဝင်ရောက်နေထိုင် လျက်ရှိရာ နယ်မြေခံတပ်မတော်သားများက အကြမ်းဖက်သမား များ ဖျက်ဆီးသွားခဲ့သည့် မြို့၊ ရွာ များ သန့်ရှင်းသာယာလှပရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်း များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

PNLO အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် သည်းမခံနိုင်တော့သဖြင့် ဆီဆိုင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပအိုဝ့်တိုင်းရင်းသားများအနေဖြင့် ရွာလုံးကျွတ်နီးပါး အင်အားစုစည်း၍ တပ်မတော်၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလက်တွဲ၍ ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဟိုခဲဘုန်းကြီးကျောင်းနှင့် ဆေးရုံအားလည်းကောင်း၊ မတ်လ ၂ ရက်နေ့တွင် ဆေးရုံဝန်ထမ်း အိမ်ရာနှင့် ရဲစခန်းအားလည်းကောင်း၊ မတ်လ ၁၃ ရက်နေ့တွင် မွေတော်ဘုရား ကုန်းအားလည်းကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် စံဖူးကျေးရွာအားလည်းကောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ကျောက်ကချားအားလည်း ကောင်း၊ မတ်လ ၂၅ ရက်နေ့တွင် ဘုရားဖြူလမ်းဆုံအားလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဆီဆိုင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်သောင်းကျန်းသူ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်း၊ ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်သည်အချို့၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံ တိုင်းရင်းသား အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post