• Follow Us on

Home လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း တပ်ချုပ်ပြောကြား

လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၉

 

လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် အခမ်းအနားတွင် ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ပြီးစီးပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံသို့ နိုင်ငံတော် တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေး ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြောသည်။

 

ထိုသို့ ဆောင်ရွက်သည့် နေရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိရန် လုပ်ဆောင်နေသကဲ့သို့ ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် တိုင်းရင်းသားများ၊ တိုင်းရင်းသားဒေသများနှင့် လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ လွှတ်တော်ထဲကို ရောက်ရှိလာစေရေးအတွက် လက်ရှိကျင့်သုံးနေသည့် အနိုင်ရသူအကုန်ယူစနစ်(First Past the Post-FPTP)အပြင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် သင့်တော်သည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation-PR)ကို ပေါင်းစပ်ကျင့်သုံး နိုင်ရေးစီမံဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

“ဒါ့အပြင် နိုင်ငံသားတစ်ဦးချင်းစီ အနေနဲ့လည်း ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုနဲ့ အနိုင်ကျင့်လွှမ်းမိုးမှု စတဲ့မတရားမှုတွေ ကင်းဝေးစေပြီး လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များ ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ဆောင်ရွက် နေချိန်မှာ EAO အချို့နဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေက ရွေးကောက်ပွဲပျက်ပြားစေဖို့နဲ့ နှောင့်နှေး ကြန့်ကြာမှုများ မဖြစ်ပေါ်စေဖို့ လုပ်ဆောင်လျက်ရှိတယ်။ ဒါကြောင့် တို့တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရေး ဦးဆောင်အကောင်အထည်ဖော် ပေးခဲ့သလို ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးနဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လည်း ရှေ့ကနေမားမားမတ်မတ် ရပ်တည်ဆောင်ရွက်သွားရမှာ ဖြစ်တယ်။” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်အဖွဲ့ အစည်းများသည် လက်နက်ဖြင့် အကြောက်တရားကို ဖန်တီးပြီး လူသစ်စုဆောင်းမှုများကို အရှိန်မြှင့်လုပ် ဆောင်လျက်ရှိသည့်အပြင် လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်လှုံ့ဆော်လျက်ရှိသည်ကို တွေ့ရကြောင်း၊ လူမျိုးစုများစွာရှိသည့် မိမိတို့နိုင်ငံတွင် လူမျိုးကိုအခြေခံပြီး လက်နက်ကိုင်အဖွဲ့များဖွဲ့စည်းခြင်းနှင့် လက်နက် ကိုင်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းများသည် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးစေပြီး တိုင်းပြည်စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း၊ ဒီလိုအခြေအနေမျိုးတွင် လူငယ်အချို့သည်လည်း ပြည်ဖျက်မီဒီယာအချို့၏ အပျက်သဘောဆောင်သည့် သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ပြီး သောင်းကျန်းသူများ၏ အသုံးချခံဖြစ်နေ သည်ကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရလျက်ရှိကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post