• Follow Us on

Home ဆီးရီးယားမြောက်ပိုင်း တူရကီစစ်ဆင်ရေးတွင် ပါဝင်မည်မဟုတ်ဟု အမေရိကန်ကြေညာ

ဆီးရီးယားမြောက်ပိုင်း တူရကီစစ်ဆင်ရေးတွင် ပါဝင်မည်မဟုတ်ဟု အမေရိကန်ကြေညာ

Share this post

တူရကီစစ်တပ်ရဲ့ ဆီးရီးယားမြောက်ပိုင်းစစ်ဆင်ရေးမှာ ပါဝင်မှာမဟုတ်သလို ထောက်ပံ့ကူညီမှုလည်းပေး မှာမဟုတ်ဘူးလို့ အမေရိကန်ဘက်က ပြောကြားလိုက်ပါတယ်။

အမေရိကန်အနေနဲ့ တူရကီရဲ့ စစ်ဆင်ရေးမှာ ကြားဝင်စွက်ဖက်မှာမဟုတ်သလို အမေရိကန်တပ်ဖွဲ့ ၀င်တွေဟာလည်း ယင်းနယ်မြေမှာ ဆက်ရှိနေမှာမဟုတ်ဘူးလို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့ ဖုန်းနဲ့ စကားပြောဆိုခဲ့ပြီးနောက် ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

တူရကီစစ်တပ်ကတော့ ဆီးရီးယားမြောက်ပိုင်းနယ်စပ်မှာ စစ်မျက်နှာပြင်ဖွင့်လှစ်နေပြီး တပ်ဖွဲ့ဝင်တွေ စေလွှတ်လျက်ရှိနေပါတယ်။

Ref; RT


Share this post