• Follow Us on
Latest News

Home တည္ဆဲအစိုးရသည္ အလုပ္ရွင္မ်က္ႏွာမူသည့္ မူဝါဒက်င့္သုံးေနသျဖင့္ အလုပ္သမားမ်ား ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ျဖင့္ ရင္ဆိုင္ေနၾကရဟု အလုပ္သမားေရွ႕ေန ဦးေဌးေျပာ

တည္ဆဲအစိုးရသည္ အလုပ္ရွင္မ်က္ႏွာမူသည့္ မူဝါဒက်င့္သုံးေနသျဖင့္ အလုပ္သမားမ်ား ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ျဖင့္ ရင္ဆိုင္ေနၾကရဟု အလုပ္သမားေရွ႕ေန ဦးေဌးေျပာ

Share this post

ရန္ကုန္၊ ဇူလုိင္ ၁၁

လက္ရွိ တည္ဆဲအစိုးရမွာ အလုပ္ရွင္သာမ်က္ႏွာမူ မူဝါဒက်င့္သုံးေနသျဖင့္ အလုပ္သမားမ်ား ျပႆနာေပါင္း ေျခာက္ေထာင္ျဖင့္ ရင္ဆိုင္ေနၾကရေၾကာင္း အလုပ္သမားေရွ႕ေနဦးေဌးကေျပာၾကားလိုက္သည္။

အလုပ္သမားမ်ားအေပၚ သက္ဆိုင္ရာအစိုးရ၀န္ႀကီးဌာနမ်ား၏ ေျဖရွင္းေပးမႈအေပၚ People Media က ဇူလိုင္ ၁၁ ရက္ဆက္သြယ္ေမးျမန္းရာတြင္ အလုပ္သမားေရွ႕ေနဦးေဌးကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အစိုးရက အလုပ္အကိုင္ေပးႏိုင္မႈဆိုတာထက္ လက္ရွိက COVID-19 ကာလဆိုေတာ့ရွိၿပီးသား လူေတာင္ အလုပ္ျပဳတ္တာေပါ႔ေနာ္။ တရား၀င္စာရင္းအရ ျပည္တြင္းအလုပ္သမားနဲ႔ ျပည္ပအလုပ္သမား အားလုံးေပါင္း တစ္သိန္းခြဲေက်ာ္ျဖစ္ေနၿပီ။ ဒါအလုပ္ျပဳတ္တာ။ လက္ရွိမွာလည္း အလုပ္ျပဳတ္တဲ့လူအမ်ားစုက အလုပ္သမား သမဂၢေတြ ျဖစ္ေနေတာ့ ခုံသမာဓိ ခုံေကာင္စီမွာေျဖရွင္းတာလည္း မေျဖရွင္းႏိုင္တဲ့အခါၾကေတာ့ ဒါေတြအေပၚ ဘယ္လိုလုပ္ၾကမလဲဆိုတာ အခု ကြၽန္ေတာ္တို႔ အလုပ္သမားအဖြဲ႕အစည္းေတြအေရးေပၚအစည္းအေဝးေခၚဖို႔ ျပင္ဆင္ေနၿပီ။အဲဒီေတာ့ လက္ရွိအစိုးရက အလုပ္ရွင္ဘက္မ်က္ႏွာမူတယ္။ အဲဒီေပၚလစီက်င့္သုံးေနတဲ့အတြက္ ကြၽန္ေတာ္တို႔အလုပ္သမားေတြမွာ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔ ရင္ဆိုင္ေနၾကရပါတယ္” ဟု ၎က ေျပာသည္။

လာမည့္ဇူလိုင္ ၁၈ ရက္ရန္ကုန္ၿမိဳ႕တြင္ အလုပ္သမားမ်ားအေရးႏွင့္ပတ္သက္၍ အလုပ္သမားအဖြဲ႕အစည္း ေပါင္း ၁၅ ဖြဲ႕မွ အေရးေပၚအစည္းအေဝးေခၚယူက်င္းပမည္ျဖစ္ေၾကာင္းသိရသည္။

၂၀၂၀ ဇူလိုင္ ၁၁ ရက္သည့္ ကမၻာ့လူဦးေရေန႔ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ လူဦးေရ ၅၂ သန္းေက်ာ္ရွိၿပီး လူငယ္မ်ား ႏွင့္ အလုပ္လုပ္ကိုင္ႏိုင္ေသာလူဦးေရအေရအတြက္ကိုပိုင္ဆိုင္ထား၍ လူဦးေရဆုလဒ္အေနျဖင့္ရရွိထားေၾကာင္း အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာနမွ သတင္းထုတ္ျပန္ခဲ့ဖူးသည္။

လက္ရွိတြင္ အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီမွ COVID-19 ေရာဂါ ကာလ တြင္ အနိမ့္ဆုံးလုပ္ခလစာသက္မွတ္ေရးကို ေရႊ႕ဆိုင္းထားသည္။

#PeopleMedia

(unicode)
တည်ဆဲအစိုးရသည် အလုပ်ရှင်မျက်နှာမူသည့် မူဝါဒကျင့်သုံးနေသဖြင့် အလုပ်သမားများ ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ရင်ဆိုင်နေကြရဟု အလုပ်သမားရှေ့နေ ဦးဌေးပြော
………………………………………………………

ရန်ကုန်၊ ဇူလိုင် ၁၁

လက်ရှိ တည်ဆဲအစိုးရမှာ အလုပ်ရှင်သာမျက်နှာမူ မူဝါဒကျင့်သုံးနေသဖြင့် အလုပ်သမားများ ပြဿနာပေါင်း ခြောက်ထောင်ဖြင့် ရင်ဆိုင်နေကြရကြောင်း အလုပ်သမားရှေ့နေဦးဌေးကပြောကြားလိုက်သည်။

အလုပ်သမားများအပေါ် သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများ၏ ဖြေရှင်းပေးမှုအပေါ် People Media က ဇူလိုင် ၁၁ ရက်ဆက်သွယ်မေးမြန်းရာတွင် အလုပ်သမားရှေ့နေဦးဌေးကပြောကြားခဲ့ခြင်းဖြစ်သည်။

“အစိုးရက အလုပ်အကိုင်ပေးနိုင်မှုဆိုတာထက် လက်ရှိက COVID-19 ကာလဆိုတော့ရှိပြီးသား လူတောင် အလုပ်ပြုတ်တာပေါ့နော်။ တရားဝင်စာရင်းအရ ပြည်တွင်းအလုပ်သမားနဲ့ ပြည်ပအလုပ်သမား အားလုံးပေါင်း တစ်သိန်းခွဲကျော်ဖြစ်နေပြီ။ ဒါအလုပ်ပြုတ်တာ။ လက်ရှိမှာလည်း အလုပ်ပြုတ်တဲ့လူအများစုက အလုပ်သမား သမဂ္ဂတွေ ဖြစ်နေတော့ ခုံသမာဓိ ခုံကောင်စီမှာဖြေရှင်းတာလည်း မဖြေရှင်းနိုင်တဲ့အခါကြတော့ ဒါတွေအပေါ် ဘယ်လိုလုပ်ကြမလဲဆိုတာ အခု ကျွန်တော်တို့ အလုပ်သမားအဖွဲ့အစည်းတွေအရေးပေါ်အစည်းအဝေးခေါ်ဖို့ ပြင်ဆင်နေပြီ။အဲဒီတော့ လက်ရှိအစိုးရက အလုပ်ရှင်ဘက်မျက်နှာမူတယ်။ အဲဒီပေါ်လစီကျင့်သုံးနေတဲ့အတွက် ကျွန်တော်တို့အလုပ်သမားတွေမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေကြရပါတယ်” ဟု ၎င်းက ပြောသည်။

လာမည့်ဇူလိုင် ၁၈ ရက်ရန်ကုန်မြို့တွင် အလုပ်သမားများအရေးနှင့်ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်း ပေါင်း ၁၅ ဖွဲ့မှ အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ဇူလိုင် ၁၁ ရက်သည့် ကမ္ဘာ့လူဦးရေနေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းကျော်ရှိပြီး လူငယ်များ နှင့် အလုပ်လုပ်ကိုင်နိုင်သောလူဦးရေအရေအတွက်ကိုပိုင်ဆိုင်ထား၍ လူဦးရေဆုလဒ်အနေဖြင့်ရရှိထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။

လက်ရှိတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ COVID-19 ရောဂါ ကာလ တွင် အနိမ့်ဆုံးလုပ်ခလစာသက်မှတ်ရေးကို ရွှေ့ဆိုင်းထားသည်။

#PeopleMedia


Share this post