• Follow Us on

Home တပ္မေတာ္မွရခိုင္ျပည္နယ္ေျမာက္ပိုင္း၌ လူမ်ိဳးျပန္းတီးေစရန္ ရည္ရြယ္ခ်က္ရွိရွိ ေဆာင္ရြက္ က်ဴးလြန္ျခင္းမရွိေၾကာင္း လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္၏ အၿပီးသတ္အစီရင္ ခံစာကို သမၼတ႐ုံးထုတ္ျပန္

တပ္မေတာ္မွရခိုင္ျပည္နယ္ေျမာက္ပိုင္း၌ လူမ်ိဳးျပန္းတီးေစရန္ ရည္ရြယ္ခ်က္ရွိရွိ ေဆာင္ရြက္ က်ဴးလြန္ျခင္းမရွိေၾကာင္း လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္၏ အၿပီးသတ္အစီရင္ ခံစာကို သမၼတ႐ုံးထုတ္ျပန္

Share this post

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႏိုင္ငံေတာ္သမၼတ႐ုံးသတင္းထုတ္ျပန္ခ်က္
၁၃၈၁ ခုႏွစ္၊ ျပာသိုလျပည့္ေက်ာ္ ၁၂ ရက္(၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၂၁ ရက္)

၁။ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္သည္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (Independent Commission of Enquiry-ICOE) ၏ အၿပီးသတ္အစီရင္ခံစာကို လက္ခံရရွိၿပီး ျဖစ္သည္။ ႏိုင္ငံေတာ္သမၼတ႐ုံးသည္ ၂၀၁၆-၂၀၁၇ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ေသာ ျမန္မာ့တပ္မေတာ္ႏွင့္ ARSA အၾကမ္းဖက္ အဖြဲ႕တို႔အၾကား ျဖစ္ပြားခဲ့သည့္ တိုက္ခိုက္မႈ ျဖစ္စဉ္မ်ားအတြင္း ရခိုင္ျပည္နယ္၌ လူ့အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားရွိေၾကာင္း စြပ္စြဲခ်က္မ်ားအေပၚ စုံစမ္းစစ္ေဆးရန္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္တြင္ ယင္းေကာ္မရွင္ကို ဖြဲ႕စည္းေပးခဲ့သည္။

၂။ ႏိုင္ငံေတာ္သမၼတက ယင္းေကာ္မရွင္အဖြဲ႕ဝင္မ်ား၊ ႐ုံးအဖြဲ႕ႏွင့္ ကူညီပံ့ပိုးေပးခဲ့သူမ်ား အားလုံးကို ေက်းဇူးတင္ရွိသည္။ အဆိုပါေကာ္မရွင္တြင္ ဉကၠ႒ အျဖစ္ သံအမတ္ႀကီး ႐ိုဆာရီယို မယ္နာလို (ဖိလစ္ပိုင္ႏိုင္ငံ၊ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း၊ ကုလသမဂၢ CEDAW ေကာ္မတီ၏ ဥကၠ႒ေဟာင္း ႏွင့္ လက္ရွိအဖြဲ႕ဝင္)၊ အဖြဲ႕ဝင္မ်ားအျဖစ္ သံအမတ္ႀကီး ကင္ဇိုအိုရွီးမား (ကုလသမဂၢ လူသားခ်င္းစာနာ ေထာက္ထားမႈကိစၥရပ္မ်ားဆိုင္ရာ ကုလသမဂၢ ဒုတိယ အတြင္းေရးမွဴးခ်ဳပ္ႏွင့္ အေရးေပၚ ကယ္ဆယ္ေရး ညႇိႏႈိင္းေရးမွဴးေဟာင္းႏွင့္ ကုလသမဂၢဆိုင္ရာ ဂ်ပန္အၿမဲတမ္း ကိုယ္စားလွယ္ေဟာင္း)၊ ဦးျမသိန္း (ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၊ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံး၊ ဥကၠ႒ေဟာင္း) ႏွင့္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ တို႔ျဖင့္ ဖြဲ႕စည္းခဲ့သည္။

၃။ အဆိုပါ စုံစမ္းစစ္ေဆးေရးေကာ္မရွင္၏ အစီရင္ခံစာသည္ က်ယ္ျပန္႔ျပည့္စုံမႈရွိၿပီး ေနာက္ဆက္တြဲ (၃၁)ခု အပါအဝင္ စုစုေပါင္း စာမ်က္ႏွာ (၄၅၀) ေက်ာ္ပါရွိသည္။ ေကာ္မရွင္သည္ ထိုျဖစ္စဉ္ကာလမ်ားအတြင္း တာဝန္ ထမ္းေဆာင္ခဲ့ၾကေသာ ျမန္မာ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရခိုင္ ျပည္နယ္ေျမာက္ပိုင္းမွ သက္ေသမ်ား၏ထြက္ဆိုခ်က္ စုစုေပါင္း (၁၅၀၀)ခန္႔တို႔အား ေသခ်ာစြာ စုေဆာင္းခဲ့ၿပီး ယင္းထြက္ဆိုခ်က္မ်ားအေပၚ အေျခခံ၍ အစီရင္ခံစာတြင္ ေလ့လာသုံးသပ္ခ်က္ မ်ားျဖင့္ ျပဳစုတင္ျပထားသည္။ ႏိုင္ငံေတာ္သမၼတက ေကာ္မရွင္သို႔ လာေရာက္ထြက္ဆို ပူးေပါင္းေဆာင္ရြက္ ေပးခဲ့ၾကသူမ်ားကို ေက်းဇူးတင္ရွိသည္။

၄။ တိုက္ခိုက္မႈျဖစ္စဉ္မ်ားအတြင္း ARSA အဖြဲ႕ဝင္မ်ားႏွင့္ ၎တို႔၏ အလိုတူပူးေပါင္းပါဝင္ ခဲ့သူမ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အရပ္သားမ်ားက စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္မႈမ်ားရွိခဲ့သည္ဟု ေကာ္မရွင္မွ ေတြ႕ရွိခဲ့သည္။ အရပ္သားမ်ားအား သတ္ျဖတ္ျခင္း၊ အင္အား မမွ်မတသုံးစြဲျခင္း၊ လုယက္မႈ က်ဴးလြန္ျခင္း၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ေမာင္ေတာ၊ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ ၿမိဳ႕နယ္မ်ားတြင္ မူဆလင္မ်ား၏ စြန္႔ခြာသြားေသာ ေနအိမ္မ်ားကို ဖ်က္ဆီးျခင္းစသည့္ ရာဇဝတ္မႈ မ်ားကို က်ဴးလြန္ခဲ့ၾကေၾကာင္း ေတြ႕ရွိရသည္။ ေကာ္မရွင္သည္ ေက်းရြာမ်ား၊ အထူးသျဖင့္ မင္းႀကီးရြာ (တူလာတိုလီ)၊ ခြၽတ္ျပင္ရြာႏွင့္ ေမာင္ႏုရြာတို႔တြင္ အသက္ဆုံးရႈံးမႈ မ်ားျပားခဲ့ေၾကာင္း စုံစမ္းေတြ႕ရွိ ခဲ့သည္။ လူမ်ိဳးျပဳန္းတီးေစရန္ ရည္ရြယ္ခ်က္ရွိရွိ ေဆာင္ရြက္ က်ဴးလြန္ခဲ့သည္ဟု ေကာက္ခ်က္ခ် ႏိုင္ေသာ လုပ္ေဆာင္ခ်က္မ်ိဳး ျဖစ္ပြားခဲ့ျခင္း အလ်ဉ္းမရွိခဲ့ေၾကာင္း ေကာ္မရွင္၏ ေတြ႕ရွိခ်က္မ်ားက ေဖာ္ျပခဲ့သည္။

၅။ ေကာ္မရွင္၏ အႀကံျပဳခ်က္ (၂၂) ခ်က္ အနက္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးႏွင့္ စစ္ဥပေဒခ်ဳပ္႐ုံး တို႔အေနျဖင့္ လိုအပ္သည့္ ရာဇဝတ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ ေဆာင္ရြက္သြားရန္ အႀကံျပဳခ်က္ပါဝင္သည္။

၆။ ႏိုင္ငံေတာ္သမၼတက ေကာ္မရွင္၏ အႀကံျပဳခ်က္အတိုင္း ရာဇဝတ္မႈဆိုင္ရာ စုံစမ္း စစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္သြားေစရန္ႏွင့္ အေထာက္အထားမ်ားခိုင္လုံပါက တရားစြဲဆိုမႈမ်ား ျပဳလုပ္သြားေစရန္ သေဘာတူသည္။ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည့္ ျပည္တြင္း လက္နက္ကိုင္ ပဋိပကၡမ်ားအတြင္း ေပၚေပါက္ခဲ့ေသာ ပစၥည္းဉစၥာ ဖ်က္ဆီးခံရမႈမ်ား (သို႔မဟုတ္) လုယက္မႈမ်ား (သို႔မဟုတ္) အရပ္သားမ်ားက က်ဳးလြန္ခဲ့သည့္ အျခားရာဇဝတ္မႈႀကီးမ်ားအား ဆက္လက္စုံစမ္း စစ္ေဆးမႈမ်ားႏွင့္ တရားစြဲဆိုမႈမ်ား ျပဳလုပ္သြားေစရန္အတြက္ ႏိုင္ငံေတာ္သမၼတက ေကာ္မရွင္၏ အစီရင္ခံစာ အျပည္အစုံကို ေနာက္ဆက္တြဲမ်ားႏွင့္အတူ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံးသို႔ ေပးပို႔ခဲ့ၿပီး ျဖစ္သည္။ ႏိုင္ငံေတာ္သမၼတက ARSA အဖြဲ႕ဝင္မ်ား (သို႔မဟုတ္) အလိုတူ ပူးေပါင္း ပါဝင္ခဲ့သူမ်ားက က်ဳးလြန္ခဲ့သည့္ ႀကီးေလးေသာ ရာဇဝတ္မႈမ်ားကို စုံစမ္းစစ္ေဆးျခင္းႏွင့္ တရားစြဲဆိုျခင္းမ်ား မည္သို႔ ျပဳလုပ္သြားသင့္သည္ကို စစ္ဥပေဒခ်ဳပ္ႏွင့္ လိုအပ္သကဲ့သို႔ တိုင္ပင္ေဆာင္ရြက္သြားရန္လည္း ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္အား အေၾကာင္းၾကားထားသည္။

၇။ တပ္မေတာ္သားမ်ား က်ဴးလြန္ခဲ့သည္ဟု စြပ္စြဲထားသည့္ ရာဇဝတ္မႈမ်ား၊ အထူးသျဖင့္ မင္းႀကီးႏွင့္ ခြၽတ္ျပင္ေက်းရြာမ်ားတြင္ သတ္ျဖတ္မႈမ်ားႏွင့္ စြန္႔ခြာခဲ့သည့္ မူဆလင္ေက်းရြာမ်ားရွိ ေနအိမ္မီးေလာင္မႈမ်ားကို တားဆီးရန္ ပ်က္ကြက္ခဲ့ျခင္းတို႔အေပၚ တပ္မေတာ္ စစ္ဥပေဒခ်ဳပ္႐ုံး အေနျဖင့္ လက္ရွိေဆာင္ရြက္ဆဲျဖစ္ေသာ စုံစမ္းစစ္ေဆးမႈမ်ားႏွင့္ တရားစြဲမႈမ်ားကို တိုးခ်ဲ႕ ေဆာင္ရြက္ႏိုင္ေစရန္ အလို႔ငွာ ႏိုင္ငံေတာ္သမၼတက ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ေကာ္မရွင္၏ အစီရင္ခံစာအျပည့္အစုံႏွင့္ ေနာက္ဆက္တြဲမ်ားကို တပ္မေတာ္ကာကြယ္ေရးဉီးစီးခ်ဳပ္ထံသို႔လည္း ေပးပို႔ခဲ့ၿပီး ျဖစ္သည္။

၈။ ႏိုင္ငံေတာ္သမၼတအေနျဖင့္ ထိခိုက္ခံစားခဲ့ရသူမ်ားအားလုံးအတြက္ စာနာဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ၿပီး တာဝန္ခံမႈႏွင့္ တရားမွ်တမႈရွိေစေရးအတြက္ လည္းေကာင္း၊ အဆင့္မီ လုံၿခဳံေရး တပ္ဖြဲ႕မ်ား ျဖစ္လာေစေရးအတြက္ လည္းေကာင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း အေလးအနက္ ေျပာၾကား အပ္သည္။

၉။ ႏိုင္ငံေတာ္သမၼတက ေကာ္မရွင္၏ အစီရင္ခံစာ အႏွစ္ခ်ဳပ္ေဖာ္ျပခ်က္ကို ထုတ္ျပန္ သြားရန္လည္း ၫႊန္ၾကားခဲ့သည္။

(unicode)
“တပ်မတော်မှရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူမျိုးပြန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် ကျူးလွန်ခြင်း မရှိကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို သမ္မရုံးထုတ်ပြန်”
……………………………………………………………………………………………

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ချက်
၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်)

၁။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ၏ အပြီးသတ်အစီရင်ခံစာကို လက်ခံရရှိပြီး ဖြစ်သည်။ နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် ယင်းကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။

၂။ နိုင်ငံတော်သမ္မတက ယင်းကော်မရှင်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့နှင့် ကူညီပံ့ပိုးပေးခဲ့သူများ အားလုံးကို ကျေးဇူးတင်ရှိသည်။ အဆိုပါကော်မရှင်တွင် ဉက္ကဋ္ဌ အဖြစ် သံအမတ်ကြီး ရိုဆာရီယို မယ်နာလို (ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်း နှင့် လက်ရှိအဖွဲ့ဝင်)၊ အဖွဲ့ဝင်များအဖြစ် သံအမတ်ကြီး ကင်ဇိုအိုရှီးမား (ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်းနှင့် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း)၊ ဦးမြသိန်း (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ဥက္ကဋ္ဌဟောင်း) နှင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

၃။ အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည် ကျယ်ပြန့်ပြည့်စုံမှုရှိပြီး နောက်ဆက်တွဲ (၃၁)ခု အပါအဝင် စုစုပေါင်း စာမျက်နှာ (၄၅၀) ကျော်ပါရှိသည်။ ကော်မရှင်သည် ထိုဖြစ်စဉ်ကာလများအတွင်း တာဝန် ထမ်းဆောင်ခဲ့ကြသော မြန်မာ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင် ပြည်နယ်မြောက်ပိုင်းမှ သက်သေများ၏ထွက်ဆိုချက် စုစုပေါင်း (၁၅၀၀)ခန့်တို့အား သေချာစွာ စုဆောင်းခဲ့ပြီး ယင်းထွက်ဆိုချက်များအပေါ် အခြေခံ၍ အစီရင်ခံစာတွင် လေ့လာသုံးသပ်ချက် များဖြင့် ပြုစုတင်ပြထားသည်။ နိုင်ငံတော်သမ္မတက ကော်မရှင်သို့ လာရောက်ထွက်ဆို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိသည်။

၄။ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလိုတူပူးပေါင်းပါဝင် ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သည်ဟု ကော်မရှင်မှ တွေ့ရှိခဲ့သည်။ အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အား မမျှမတသုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်းစသည့် ရာဇဝတ်မှု များကို ကျူးလွန်ခဲ့ကြကြောင်း တွေ့ရှိရသည်။ ကော်မရှင်သည် ကျေးရွာများ၊ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှု များပြားခဲ့ကြောင်း စုံစမ်းတွေ့ရှိ ခဲ့သည်။ လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချ နိုင်သော လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့ခြင်း အလျဉ်းမရှိခဲ့ကြောင်း ကော်မရှင်၏ တွေ့ရှိချက်များက ဖော်ပြခဲ့သည်။

၅။ ကော်မရှင်၏ အကြံပြုချက် (၂၂) ချက် အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံး တို့အနေဖြင့် လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားရန် အကြံပြုချက်ပါဝင်သည်။

၆။ နိုင်ငံတော်သမ္မတက ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားစေရန်နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် သဘောတူသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများအတွင်း ပေါ်ပေါက်ခဲ့သော ပစ္စည်းဉစ္စာ ဖျက်ဆီးခံရမှုများ (သို့မဟုတ်) လုယက်မှုများ (သို့မဟုတ်) အရပ်သားများက ကျုးလွန်ခဲ့သည့် အခြားရာဇဝတ်မှုကြီးများအား ဆက်လက်စုံစမ်း စစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန်အတွက် နိုင်ငံတော်သမ္မတက ကော်မရှင်၏ အစီရင်ခံစာ အပြည်အစုံကို နောက်ဆက်တွဲများနှင့်အတူ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတော်သမ္မတက ARSA အဖွဲ့ဝင်များ (သို့မဟုတ်) အလိုတူ ပူးပေါင်း ပါဝင်ခဲ့သူများက ကျုးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ မည်သို့ ပြုလုပ်သွားသင့်သည်ကို စစ်ဥပဒေချုပ်နှင့် လိုအပ်သကဲ့သို့ တိုင်ပင်ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စု ရှေ့နေချုပ်အား အကြောင်းကြားထားသည်။

၇။ တပ်မတော်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် မင်းကြီးနှင့် ချွတ်ပြင်ကျေးရွာများတွင် သတ်ဖြတ်မှုများနှင့် စွန့်ခွာခဲ့သည့် မူဆလင်ကျေးရွာများရှိ နေအိမ်မီးလောင်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော် စစ်ဥပဒေချုပ်ရုံး အနေဖြင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ ဆောင်ရွက်နိုင်စေရန် အလို့ငှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံနှင့် နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ထံသို့လည်း ပေးပို့ခဲ့ပြီး ဖြစ်သည်။

၈။ နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် စာနာဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး တာဝန်ခံမှုနှင့် တရားမျှတမှုရှိစေရေးအတွက် လည်းကောင်း၊ အဆင့်မီ လုံခြုံရေး တပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက် ပြောကြား အပ်သည်။

၉။ နိုင်ငံတော်သမ္မတက ကော်မရှင်၏ အစီရင်ခံစာ အနှစ်ချုပ်ဖော်ပြချက်ကို ထုတ်ပြန် သွားရန်လည်း ညွှန်ကြားခဲ့သည်။


Share this post