• Follow Us on
Latest News

Home တပ်မတော်အနေနှင့် ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မိုးဟိန်း မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေးပြုလုပ်ခဲ့ သည့်ကာလအတွင်း တပ်မတော်အရာရှိ ၆၉ ဦးကျဆုံးခဲ့ပြီး ၄၅၁ ဦးထိခိုက်ဒဏ်ရာရ

တပ်မတော်အနေနှင့် ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မိုးဟိန်း မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေးပြုလုပ်ခဲ့ သည့်ကာလအတွင်း တပ်မတော်အရာရှိ ၆၉ ဦးကျဆုံးခဲ့ပြီး ၄၅၁ ဦးထိခိုက်ဒဏ်ရာရ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တပ်မတော်အနေနှင့် ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မိုးဟိန်းမူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးပြုလုပ်ခဲ့ သည့်ကာလအတွင်း တပ်မတော်အရာရှိ ၆၉ ဦးကျဆုံးခဲ့ပြီး ၄၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
 
တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ပြီး ပထမ ဦးဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေး အနေဖြင့် ၁၉၇၅ ခုနှစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေး မြို့နယ်၊ ပန်ပိဒေသ၌ SURA (မိုးဟိန်း)အဖွဲ့ တည်ဆောက်ထားသည့် ဘိန်းချက်စက်ရုံအား စစ်ဆင်ရေးပြုလုပ် တိုက်ဖျက်နိုင်ခဲ့သည်။ အကြီးကျယ်ဆုံးနှင့် ရက်ပေါင်းရှည်ကြာစွာပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးမှာ ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်းဒေသ)နှင့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)ဒေသ၌ ပြုလုပ်ခဲ့သည့် မိုးဟိန်း စစ်ဆင်ရေး အဆင့် ၁ မှ အဆင့် ၁၂ အထိဖြစ်သည်။
 
မူးယစ်ဆေးဝါးအန္တရာယ်ကို ဌာနဆိုင်ရာနှင့် လုံခြုံရေးအဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်း၍ ခေတ်အဆက် ဆက်ကပင် တားဆီးကာကွယ်တိုက်ဖျက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်အတွင်း တွင် ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိတိုက်ဖျက်နိုင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
 
ထိုသို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသ အတွင်း ဖမ်းဆီးရမိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁၆ ရက်အထိ စိတ်ကြွရူးသွပ်ဆေးဝါးမျိုးစုံ ဆေးပြားစုစုပေါင်း သိန်း ၁၄၀၀ ပြားကျော်၊ ဘိန်းဖြူ ၂၈၆ ကီလိုကျော်၊ အိုက်စ် ၄၄၀ ကီလိုကျော် အပါအဝင် မူးယစ် ဆေးဝါးများခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၄ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြု သည့် မူးယစ်ဆေးဝါးရိုက်စက်များ၊ ဆေးပြားရိုက်တံများ အပါအဝင် ကာလတန်ဖိုး ၁ ဘီလီယံကျော် တန်ဖိုးရှိ ဆက်စပ်ပစ္စည်း ၂၄၉ မျိုးကို မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးပြုလုပ်၍ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
 
၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ဖမ်းဆီးရမိမှုအနေဖြင့် ဘိန်းဖြူ ၁၄၃၈ ကီလိုကျော်၊ ဘိန်းစိမ်း ၂၅၈၅ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၃ ကီလိုကျော်၊ စိတ်ကြွရူး သွပ်ဆေးပြား သိန်း ၂၉၀၀ ကျော်၊ အိုက်စ် ၁၆၈၉၁ ကီလို ကျော်၊ အခြားဆက်စပ်ပစ္စည်းများ ၆၉၈၁၂ ကီလို ကျော်၊ စုစုပေါင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးတိုက်ဖျက် နိုင်ခဲ့ပြီး ဘိန်းခင်း ၉၄၅၆ ဧက ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို စစ်ဆင် ရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
 
ထို့ပြင် တပ်မတော်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းသို့ တရားမဝင် ဝင်ရောက်လာ သူများ မရှိစေရေးအတွက်လည်း အလေးထား တားဆီးကာကွယ် ဆောင်ရွက်လျက်ရှိသည်။
 
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း၌ တရားမဝင် ဝင်ရောက်လာသူများအား ဖော်ထုတ်ဖမ်း ဆီးရမိမှုအနေဖြင့် ၇၁၅ ဦးရှိကြောင်း ဖော်ပြပါရှိသည်။
 
ထိုသို့ ဒေသအလိုက်စစ်ဆေးရေးအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များက တရားမဝင် ဝင်ရောက်လာသူများကို ဖော်ထုတ်စစ်ဆေးတားဆီးခဲ့ရာ ရခိုင်ပြည်နယ်အတွင်း၌ တရားမဝင် ဝင်ရောက်လာသူ ၁၀၄ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ၁၁၁ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌ ၁၄၄ ဦး၊ မကွေးတိုင်းဒေသ ကြီးအတွင်း၌ ၂၀၈ ဦး၊ အခြားဒေသအသီးသီး၌ ၁၄၈ ဦး၊ စုစုပေါင်း တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦးကို ဖော်ထုတ်၍ ထိန်းသိမ်းနိုင်ခဲ့သည်။
 
အဆိုပါ တရားမဝင် ဝင်ရောက်လာသူများအား ၎င်းတို့ နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း၊ လူမှောင်ခိုသယ် ဆောင်သူများကို တရားဥပဒေအရ ထိရောက်စွာ အရေးယူ ခြင်းများပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာန ဆိုင်ရာအသီးသီးသို့ အပ်နှံပေးနိုင်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ မရှိစေရေး တပ်မတော်အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကာကွယ် တားဆီးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
 
#PeopleMedia #မူးယစ် #တပ်မတော်
 
(unicode)
………………………………………………
 
 
 
 
 
 
 
 
 
 
 

Share this post