• Follow Us on
Latest News

Home မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက် အာဆီယံအဖွဲ့ ပိုမိုပါဝင်ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံတိုက်တွန်း

မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက် အာဆီယံအဖွဲ့ ပိုမိုပါဝင်ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံတိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၇

 

မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကြိုးစားရာမှာ ဖြစ်လာမှဆောင်ရွက် ခြင်းထက် မဖြစ်ခင်အခြေအနေတွေကို ဖန်တီးယူတဲ့ အခန်းကဏ္ဍကနေ ပိုမိုပါဝင်ဆောင်ရွက်ဖို့ အာဆီယံအဖွဲ့ကို ထိုင်းနိုင်ငံက သောကြာနေ့ (ဧပြီ ၂၆ ရက်နေ့) က တိုက်တွန်းလိုက်ပါတယ်။

 

မြန်မာနိုင်ငံမှာ မြန်မာ့တပ်မတော်ကတစ်ဖက်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ် စဉ်ကနေ ပေါ်ထွက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကတစ်ဖက် တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။

 

အာဆီယံအဖွဲ့ဟာ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ သဘောတူညီခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တစ်ခု ကို ရေးဆွဲခဲ့ပေမဲ့ အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေကြောင့် အဲဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို သစာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

“အခြေအနေကို ပိုမိုဖန်တီးရယူနိုင်တဲ့ အာဆီယံအဖွဲ့အဖြစ် ကျွန်တော်တို့ မြင်ချင်ပါတယ်။ အဲဒီအခြေအနေတွေ နဲ့ ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံနဲ့ရော မြန်မာနိုင်ငံနဲ့ပါ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နစ်ကောင်းဒစ်ဂျ်ဘလန်ကူရာ (Nikorndej Balankura) က ပြော ပါတယ်။

 

တိုင်းရင်းသားသူပုန်တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ဧပြီလ ၁၁ ရက်နေ့က ယာယီသိမ်းပိုက်နိုင်ခဲ့ပေမဲ့ မြန်မာ့တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် မြဝတီမြို့က ပြန်လည် ဆုတ်ခွာလာခဲ့ရသလို တိုက်ပွဲတွေကလည်း တဖြည်းဖြည်း ပြန်လည်အရှိန်လျော့ကျလာပါတယ်။

 

မြဝတီနယ်စပ်က တိုက်ပွဲတွေကြောင့် မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ကို ပြေးဝင်ခိုလှုံခဲ့ကြ ပေမဲ့ နောက်ပိုင်းမှာ အများစုက မြန်မာနိုင်ငံဘက်ကို ပြန်လည်ဝင်ရောက်သွားကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

 

“မြန်မာ့တပ်မတော်နဲ့ အတိုက်အခံလက်နက်ကိုင်အုပ်စုတွေကြားက တိုက်ပွဲတွေဟာ ထိုင်းနဲ့ အလွန်နီးကပ်တဲ့ မြဝတီအထိ ရောက်ရှိလာတာဖြစ်ပါတယ်။ ဒ့ါကြောင့် အာဆီယံအဖွဲ့အနေနဲ့ ပိုမိုပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။” လို့ နစ်ကောင်းဒစ်ဂျ်ဘလန်ကူရာက ပြောပါတယ်။

 

မြန်မာအရေးနဲ့ပတ်သက်ပြီး မြန်မာ နစက အစိုးရရဲ့ပြိုင်ဘက်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တဲ့ အာဆီယံဥက္ကဋ္ဌ ဟောင်း အင်ဒိုနီးရှားနိုင်ငံ၊ လက်ရှိဥက္ကဋ္ဌလာအိုနဲ့ လာမယ့်နှစ်ဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့ပါဝင်တဲ့ အာဆီယံ အ စည်းအဝေးတစ်ခု ကျင်းပဖို့ ထိုင်းနိုင်ငံက အခုသီတင်းပတ်ထဲမှာ အဆိုပြုခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်မှာသဘောတူညီခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်အရ အာဆီယံဥက္ကဋ္ဌဟာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေတိုးတက်အောင်ဆောင်ရွက်ဖို့ အထူးသံတမန်တစ်ဦးကို ခန့်အပ်ထားပါတယ်။

 

လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံကတော့ ၎င်းတို့ခန့်အပ်ထားတဲ့ အထူးသံတမန်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ထုတ်ဖော်ကြေညာမှု မရှိသလောက်နီးပါးဖြစ်ပါတယ်။

 

၁၉၆၂ ခုနှစ် အာဏာသိမ်းလိုက်တဲ့အချိန်ကတည်းက ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော်က တော့ စစ်ပွဲတွေနဲ့ နပမ်းလုံးရင်း “အကြမ်းဖက်သမားတွေ” လို့ ၎င်းတို့က အမည်ပေးထားတဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

Ref: Thailand urges bigger ASEAN role in resolving Myanmar conflict: Reuters

 

#PeopleMedia


Share this post