• Follow Us on

Home တရုတ်စစ်လေယာဉ် ၉ စင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံသို့ ကျူးကျော်ဝင်ရောက်

တရုတ်စစ်လေယာဉ် ၉ စင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံသို့ ကျူးကျော်ဝင်ရောက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂ (People Media)

 

တရုတ်စစ်လေယာဉ်ကိုးစင်းသည် နိုဝင်ဘာလ ၂၁ ရက်နေ့ (တနင်္ဂနွေနေ့) က ထိုင်ဝမ်လေကြောင်းရန်ကာ ကွယ်ရေးဇုံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ရာ ယခုလအတွင်း အကြိမ် ၂၀ မြောက် ကျူးကျော်ဝင်ရောက် ခြင်းဖြစ်ကြောင်းသိရသည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်မှ Shenyang J-16 တိုက်လေယာဉ်နှစ်စင်း၊ Chengdu J-10 တိုက်လေယာဉ်လေးစင်းနှင့် KJ-500 အေဝပ်လေယာဉ် (လေကြောင်းရန်ကြိုတင်အချက်ပေးနှင့် ထိန်းချုပ် ရေးလေယာဉ်) တစ်စင်းတို့သည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံ အနောက်တောင်ဘက်သို့ ကျူးကျော် ဝင်ရောက်လာကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကကြေညာခဲ့သည်။

 

တပြိုင်တည်းမှာပင် Xian H-6 ဗုံးကြဲလေယာဉ်နှစ်စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံ အနောက် တောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

တရုတ်လေယာဉ်များကျူုးကျော်ဝင်ရောက်လာမှုကို ထိုင်ဝမ်နိုင်ငံဘက်က တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်တိုက် လေယာဉ်များကို စေလွှတ်ခြင်း၊ ရေဒီယိုအချက်ပေးနည်းဖြင့် သတိပေးချက်များထုတ်လွှင့်ခြင်း၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်လေတပ်မှ လေယာဉ်များကို စောင့်ကြည့်ထောက်လှမ်းရန် လေကြောင်းရန်ကာ ကွယ်ရေးဒုံးကျည်များကို တပ်ဖြန့်ချထားခြင်းများဆောင်ရွက်ခဲ့သည်။

 

တရုတ်နိုင်ငံသည် ယခုလအတွင်း နိုဝင်ဘာလ ၃ ရက်နေ့တစ်ရက်မှလွဲ၍ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေး ဇုံအတွင်းသို့ တရုတ်စစ်လေယာဉ်များကို နေ့စဉ်စေလွှတ်ခဲ့သည်။

 

လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ တရုတ်စစ်လေယာဉ်များကို ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံ အ တွင်းသို့ ပုံမှန်စေလွှတ်ခြင်းအားဖြင့် ၎င်းတို့၏ gray zone tactics ကို တိုးမြှင့်အသုံးပြုလျက်ရှိသည်။ တရုတ် လေယာဉ်အများစုမှာ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံ အနောက်တောင်ဘက်သို့ ကျူးကျော်ဝင်ရောက် လေ့ရှိသည်။

 

လေကြောင်းရန်ကာကွယ်ရေးဇုံဆိုသည်မှာ လေကြောင်းထိန်းများက ဝင်ရောက်လာသောလေယာဉ်များကို ၎င်း တို့အမျိုးအစားနှင့် နိုင်ငံများကို စစ်ဆေးမေးမြန်းသည့်နေရာဖြစ်သော နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းပိုက်နက် ထက် တိုးချဲ့ထားသောနေရာတစ်ခုဖြစ်သည်။

 

Gray zone tactics (မီးခိုးရောင်နည်းဗျူဟာများ) ဆိုသည်မှာ “တိုက်ရိုက်အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ နိုင်ငံ တစ်နိုင်ငံ၏ လုံခြုံရေးရည်မှန်းချက်များကိုအကောင်အထည်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပုံမှန်ဟန့်တားမှုနှင့် အာမခံမှုထက်ကျော်လွန်သော ကြိုးပမ်းအားထုတ်မှု သို့မဟုတ် စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုအဖြစ် သတ် မှတ်ထားခြင်းကို ဆိုလိုသည်။

 

Ref: 9 Chinese military planes enter Taiwan’s ADIZ

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: 9 Chinese military planes enter Taiwan’s ADIZ

 

#PeopleMedia


Share this post