• Follow Us on

Home တရုတ်-မြန်မာ ရထားလမ်းအတွက် အဓိကကျသည့် လိုဏ်ဂူ ဆောက်လုပ်ပြီးစီး

တရုတ်-မြန်မာ ရထားလမ်းအတွက် အဓိကကျသည့် လိုဏ်ဂူ ဆောက်လုပ်ပြီးစီး

Share this post

သြဂုတ် ၅ (People Media)

 

ဒါလီဘိုင် ကိုယ်ပိုင်အုပ်ချုပ်ရေးစီရင်စုနှင့် ရွှေလီမြို့တို့အကြား ဆက်သွယ်သည့် ရထားလမ်းကို ယူနန်ပြည် နယ်တွင် ဖောက်လုပ်လျက်ရှိရာ တရုတ်-မြန်မာ ရထားလမ်းအတွက်အဓိကကျသည့် လိုဏ်ဂူတစ်ခုကို ဇူလိုင်လ ကုန်ပိုင်း၌ တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်။

 

အဆိုပါ လိုဏ်ဂူသည် အလျား ၁၄.၆၆ ကီလိုမီတာရှည်ပြီး Dapoling Tunnel ဟု အမည်ရှိပြီး တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်း စြင်္ကံအတွက် အရေးပါသည့်ရထားလမ်းပိုင်းဖြစ်ပြီး  ၃၃၀ ကီလိုမီတာ ရှည်လျားသည့် ဒါလီ-ရွှေလီ ရထားလမ်းပိုင်းအတွက် အဓိကကျသည့်လိုဏ်ဂူဖြစ်ကြောင်း China Railway Kunming Group Co., Ltd က ဆိုပါတယ်။

 

ဆက်လက်ပြီး ၎င်းမှ ၁၄ နှစ်တိုင်တိုင် ကြိုးပမ်းခဲ့ရပြီး လိုဏ်ဂူဆောက်လုပ်ရေးကို အခက်အခဲများ ကျော်လွှားပြီး ဆောက်လုပ်ပြီးစီးခဲ့ကြောင်းနှင့် မြေသားပျော့သည့်နေရာတွင် လိုဏ်ဂူဖောက်ရသည့်အတွက် ပုံပျက်တာတွေ ကြုံရသည့်အပြင် မြေပြိုကျတာ ၉၇ ကြိမ်တိုင်တိုင် ကြုံခဲ့ရတယ်လို့ ဖော်ပြပါရှိပါတယ်။

 

ထို့အပြင် ငလျင်လှုပ်ခတ်မှုကိုလည်း ၉၇ ကြိမ် ကြုံခဲ့ရပြီး ငလျင်ပြင်းအားအဆင့် ၃ မှ ၆ အထိ ရှိခဲ့ကြောင်း၊ မြေ အောက်လိုဏ်ခေါင်းအတွင်း၌ အပူချိန်မှာ ၄၀.C အမြဲပူအိုက်နေသည့်ဒဏ်ကိုလည်း ဆောက်လုပ်ရေးလုပ်သား တွေ ကြံ့ကြံ့ခံပြီး လုပ်ကိုင်ခဲ့ကြရပုံကို ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ ဆိုပါတယ်။

 

ဒါလီ-ရူလီ ရထားလမ်းပိုင်း ပြီးစီးသွားသည့်အခါ ယူနန်အနောက်ပိုင်း သယ်ယူပို့ဆောင်ရေးကို အကြီးအကျယ် တိုးတက်ကောင်းမွန်သွားစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit – buildersguide.com.mm

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


Photo Credit – buildersguide.com.mm

#PeopleMedia


Share this post