• Follow Us on
Latest News

Home ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် စပ်လျဉ်းပြီး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များဆွေးနွေး

ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် စပ်လျဉ်းပြီး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန် နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် မြန်မာ – ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလာမှုကဏ္ဍနှင့် ပညာရေးကဏ္ဍအပါအဝင် ဆောင်ရွက်ဆဲ ကဏ္ဍအလိုက် လုပ်ငန်းများဆက်လက်ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)နှင့် ဆက်စပ်၍ ထာဝရ ငြိမ်းချမ်းရေး ရရှိရေးနှင့်စပ်လျဉ်းပြီး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များ၊  စွမ်းအင်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post