• Follow Us on
Latest News

Home ဟိုပန်နှင့် ဖောင်ဆိပ်ကိုဆက်သွယ်ထားသည့် နမ့်တိန်ချောင်းတံတား အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီး

ဟိုပန်နှင့် ဖောင်ဆိပ်ကိုဆက်သွယ်ထားသည့် နမ့်တိန်ချောင်းတံတား အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်နှင့် ဖောင်ဆိပ်ကို ဆက်သွယ်သွားလာနေသည့် နမ့်တိန်ချောင်းတံတားအား MNDAA အကြမ်းဖက်သောင်းကျန်းသူများမှ ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။

 

ဒေသတွင်းပြည်သူများအားကိုးအားထားပြုနေရသည့် အဆိုပါလမ်းတံတားအား အကြမ်းဖက်အဖွဲ့များမှ ဖျက် ဆီးခဲ့ကြသည့်အတွက် ဒေသခံများ သွားလာ၍မရဘဲ အခက်အခဲများ ပေါ်နေလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိး၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ကွတ်ခိုင်နှင့် ချင်းရွှေဟော်ရှိ တပ်စခန်း များနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြိုနယ်ကို ယနေ့ နံနက်ပိုင်းမှစတင်ကာ အကြမ်းဖက်သောင်းကျန်းသူများ က အင်အားအလုံးအရင်းဖြင့် စတင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

 

လားရှိးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေပြီး ရေပူစမ်း တိုး ဂိတ်ကို ဖျက်ဆီးလိုက်ကြောင်းနှင့် လားရှိုးလေဆိပ်ကိုလည်း ပိတ်ထားရကြောင်း သိရသည်။

 

#PeopleMedia


Share this post