• Follow Us on
Latest News

Home ဒီမီထရီဒန်းစကွီရေငုပ်သင်္ဘောကြီးသည် ပြိုင်ဘက်ကင်းသည့် ရေငုပ်သင်္ဘောကြီးဖြစ်ကြောင်း ရုရှားရေတပ် သင်္ဘောကျင်း ညွှန်ကြားရေးမှူးချုပ်ပြော

ဒီမီထရီဒန်းစကွီရေငုပ်သင်္ဘောကြီးသည် ပြိုင်ဘက်ကင်းသည့် ရေငုပ်သင်္ဘောကြီးဖြစ်ကြောင်း ရုရှားရေတပ် သင်္ဘောကျင်း ညွှန်ကြားရေးမှူးချုပ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉ (People Media)

 

ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံ၏ ရေတပ်တွင်မှ အကူလာအတန်းအစား ဒီမီထရီဒန်းစကွီ (Dmitry Donskoy) လို ရေငုပ်သင်္ဘောမျိုးမရှိကြောင်း ရေတပ်သင်္ဘောကျင်း Sevmash မှ ညွှန်ကြားရေးမှူးချုပ် မီခေးလ်ဘတ်နစ်ချန်း ကို (Mikhail Budnichenko) က ပြောကြားလိုက်သည်။

 

“မီထရီဒန်းစကွီဟာ ကြီးကျယ်ခမ်းနားတဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းလို့ ကျွန်တော်ထင် ပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ရေငုပ်သင်္ဘောမျိုးကို ကြီးကျယ်ခမ်းနားတဲ့နိုင်ငံကသာ အောင်မြင်အောင် တည်ဆောက်နိုင်တာပါ။” ဟု မီခေးလ်ဘတ်နစ်ချန်းက TASS သတင်းဌာနကို ပြောသည်။

 

“ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံကရေတပ်မှာမှ ဒီလိုအလားတူရေငုပ်သင်္ဘောမျိုး မတည်ဆောက်နိုင်သေးပါဘူး။ လာမယ့်အနာဂတ်ကာလမှာလည်း တည်ဆောက်နိုင်ဦးမှာ မဟုတ်သေးပါဘူး။” ဟု ၎င်းကပြောသည်။

 

ဒီဇင်ဘာလ ၂၉ ရက်နေ့သည် ဒီမီထရီဒန်းစကွီရေငုပ်သင်္ဘော စတင်တာဝန်ထမ်းဆောင်သည့်ရက်မှစ၍ နှစ် ပေါင်း ၄၀ တိတိပြည့်သွားသည့်ရက်ဖြစ်သည်။ ယခင် ဘူလာဗာဒုံးကျည်စမ်းသပ်ပစ်ခတ်စဉ်က အဆိုပါရေငုပ် သင်္ဘောကိုအသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိ မြောက်ပိုင်းရေတပ်အုပ်စုတွင်တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

 

ယင်းဧရာမရေငုပ်သင်္ဘောကြီးသည် အမေရိကန်နိုင်ငံနှင့် စစ်ရေးအဆင့်အတန်းတူညီရေးအတွက် တိကျသေ ချာအောင်ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း မီခေးလ်ဘတ်နစ်ချန်းက ပြောသည်။

 

ဒီမီထရီဒန်းစကွီရေငုပ်သင်္ဘောတည်ဆောက်ရန်အတွက် Sevmash ရေတပ်သင်္ဘောကျင်းတွင် ဥရောပတွင် အကြီးဆုံးသင်္ဘောကျောက်ချရပ်နားရာနေရာကို တည်ဆောက်ခဲ့ရပြီး ယနေ့တိုင် အကြီးဆုံးဖြစ်ကြောင်း ၎င်း ကပြောသည်။

 

အကူလာအတန်းအစား ရေငုပ်သင်္ဘောများကို အမေရိကန် အိုဟီယိုအတန်းအစားရေငုပ်သင်္ဘောများနှင့် ယှဉ် ပြိုင်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းအတန်းအစားရေငုပ်သင်္ဘောများမှာ ယနေ့အချိန်အထိ ကမ္ဘာပေါ်တွင် အကြီးမားဆုံးရေငုပ်သင်္ဘောများအဖြစ် တည်ရှိနေဆဲဖြစ်သည်။

 

အဆိုပါရေငုပ်သင်္ဘောများတွင် သင်္ဘောပေါ်ပါရှိသည့် တပ်ဖွဲ့ဝင်များ သက်သောင့်သက်သာရှိစေရန် စီမံဖန်တီး ထားရာ ရေကူးကန်၊ ပေါင်းခံချွေးထုတ်အိမ်၊ အခြောက်ခံစက်နှင့် အားကစားခန်းမတို့ပါရှိသည်။ ယင်းအမျိုးအ စားရေငုပ်သင်္ဘောသည် မီတာ ၁၇၀ ရှည်လျားပြီး ၂၃.၃ မီတာကျယ်ဝန်းသည်။

 

ဆိုဗီယက်ပြည်ထောင်စုခေတ်တွင် အဆိုပါအမျိုးအစားရေငုပ်သင်္ဘော ၆ စီးကို ၁၉၇၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အ တွင်း တည်ဆောက်ခဲ့ကြောင်းသိရသည်။

 

Ref: Russian naval shipyard CEO praises Akula-class submarines as unmatched

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Russian naval shipyard CEO praises Akula-class submarines as unmatched

 

#PeopleMedia


Share this post