• Follow Us on

Home ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကွက်သစ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ပြီး လူငယ်တစ်ဦးသေဆုံး၊ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရ

ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကွက်သစ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ပြီး လူငယ်တစ်ဦးသေဆုံး၊ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၂၉ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကွက်သစ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်အတွင်း၌ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းကလက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားရာ လူငယ်တစ်ဦး သေဆုံးခဲ့သလို အမျိုး သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

“ပေါက်ကွဲမှုဖြစ်တာ။ တစ်ယောက်ကသေသွားတယ်။ လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲသွားတာပါ။ ပေါက်ကွဲ မှုဖြစ်ပြီး မပြေးနိုင်တဲ့သူ သုံးဦးတော့ ထိန်းသိမ်းခံထားရတယ်။ အချို့က ဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ ယာဉ် တွေကို အသုံးပြုပြီး ထွက်ပြေးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် တာဝန်ရှိသူများက လာရောက်စစ်ဆေးရာ ကျောင်းဝင်းအတွင်း၌ လက်လုပ်မိုင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်၌ တာဝန်ရှိသူများက ကွင်းဆက်တရားခံများကို စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

 

Photo – Credit (ပုံအဟောင်း အသုံးပြုထားသည်)

 

#PeopleMedia #ပုသိမ်ကြီးမြို့နယ်

 

(unicode)


…………………………………………………..

 

မန်တလေး၊ ဒီဇငျဘာ ၂၉ (People Media)

 


 


 


 


 


 



Share this post