• Follow Us on

Home ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ Suzuki(ခွေးဘီလူး) ယာဉ်မှ အရှိန်လွန်ပြီး ရှေ့၌ရှိသည့် စပါးတင် ယာဉ်ကို ဝင်တိုက်မိရာ ယာဉ်မောင်းသေဆုံး

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ Suzuki(ခွေးဘီလူး) ယာဉ်မှ အရှိန်လွန်ပြီး ရှေ့၌ရှိသည့် စပါးတင် ယာဉ်ကို ဝင်တိုက်မိရာ ယာဉ်မောင်းသေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ (People Media)

 

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က Suzuki(ခွေးဘီလူး) အဖြူ ရောင်ယာဉ်မှ အရှိန်လွန်ပြီး စပါးများ သယ်ဆောင်လာသည့်ယာဉ်ကို ဝင်တိုက်မိခဲ့ရာ ဝင်တိုက်ရာ ယာဉ် မောင်းသေဆုံးပြီး ယာဉ်ပေါ်လိုက်ပါလာသူ (၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက အမြန်လမ်း မိုင်တိုင်အမှတ် (၉၅ မိုင် ၅ ဖာလုံ)၌ ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Suzuki(ခွေးဘီလူး) အဖြူရောင်ယာဉ်သည် အရှိန်လွန်ပြီး စပါးသယ်ဆောင်လာသော ယာဉ်၏  အနောက်ဘက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

 

“လမ်းတစ်လမ်းထဲမှာ မောင်းလာတာ။ အရှေ့က ကားက စပါးသယ်လာတဲ့ကားကို နောက်က Suzuki(ခွေးဘီ လူး) အဖြူရောင်ကားက ဝင်တိုက်တာ။ Suzuki(ခွေးဘီလူး) မောင်းတဲ့သူကတော့ ဆေးရုံလည်းရောက်ရော သေသွားတယ်။ စပါးသယ်လာတဲ့ကားက မောင်းပြေးသွားတယ်” လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

Suzuki(ခွေးဘီလူး) ယာဉ်ပေါ်၌ ကျား ၂ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၄ ဦး စီးနင်းလာပြီး ယာဉ်မတော်တဆမှု ကြောင့် ယာဉ်မောင်းဖြစ်သူသည် သေဆုံးခဲ့သည်။

 

#PeopleMedia #ယာဉ်တိုက်မှု

 

(unicode)


………………………………………………………………….

 


 


 


 


 


 



Share this post