• Follow Us on
Latest News

Home နန်းရှေ့စစ်ဆေးရေးဂိတ် မိုင်းကွဲမှုဖြစ်စဉ်၌ (၁၁) ဦးဒဏ်ရာရပြီး တပ်မတော်သားတစ်ဦးနှင့် ရာအိမ်မှူး ပွဲချင်းပြီး သေဆုံး

နန်းရှေ့စစ်ဆေးရေးဂိတ် မိုင်းကွဲမှုဖြစ်စဉ်၌ (၁၁) ဦးဒဏ်ရာရပြီး တပ်မတော်သားတစ်ဦးနှင့် ရာအိမ်မှူး ပွဲချင်းပြီး သေဆုံး

Share this post

မန္တလေး၊ စက်တင်ဘာ ၁၃ (People Media)

 

မန္တလေးမြို့၊ နန်းရှေ့စစ်ဆေးရေးဂိတ်၌ ဂိတ်မဖွင့်မှီ မိုင်းရှာဖွေရေးဆောင်ရွက်ခြင်းမရှိသောကြောင့် မိုင်းကွဲပြီး လုံခြုံရေးဆောင်ရွက်သူ (၁၁) ဦးဒဏ်ရာရရှိခဲ့ပြီး တပ်မတော်သားတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့သည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက People Media သို့ ပြောဆိုသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် (၉း၂၅) အချိန်ခန့်၌ မန္တလေးမြို့၊ နန်းရှေ့စစ်ဆေးရေးဂိတ်၌ ချိန်ကိုက်မိုင်းပေါက်ကွဲခဲ့ပြီး တပ်မတော်သားများ၊ အခြားလုံခြုံရေးဆောင်ရွက်သည့်အဖွဲ့များမှ (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော် သားတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့သည်။

 

“ဂိတ်မဖွင့်မှီ ဂိတ်အနီးတစ်ဝိုက်ကို လုံးဝ မိုင်းရှာခြင်းမရှိဘူး။ မိုင်းမရှာတော့ ထောင်ထားတဲ့ မိုင်းကွဲတာ။ ပေါ့ လျောလိုဖြစ်တာ။ စနစ်တကျလုပ်ရင် ကြိုတင် မိုင်းရှင်းနိုင်တယ်” လို့ မန္တလေးမြို့၌ တာဝန်ကျအုပ်ချုပ်ရေး အရာရှိတစ်ဦးက People Media သို့ ပြောသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စစ်ဆေးရေးဂိတ်၌ ချိန်ကိုက်မိုင်း ဖောက်ခွဲ ခြင်းခံခဲ့ရမှု ဖြစ်ပေါ်ခဲ့သည်။

 

Photo – ပုံအဟောင်း အသုံးပြုထားခြင်းဖြစ်သည်။

 

#PeopleMedia #မန္တလေးမြို့ #နန်းရှေ့ဂိတ်

 

(unicode)


…………………………………………………………………

 

မန်တလေး၊ စကျတငျဘာ ၁၃ (People Media)

 


 


 


 


 


 



Share this post