• Follow Us on

Home ခင်ဦးမြို့နယ်၌ အမျိုးသားတစ်ဦး ဒလန်ဟုစွပ်စွဲခံရပြီး သတ်ဖြတ်ခြင်းခံရ

ခင်ဦးမြို့နယ်၌ အမျိုးသားတစ်ဦး ဒလန်ဟုစွပ်စွဲခံရပြီး သတ်ဖြတ်ခြင်းခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀၂၁ (People Media)

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်းရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယမန်နေ့ညနေက အမည် မသိလက်နက်ကိုင်များ သေနတ်ကိုင်အဖွဲ့၏ လာရောက်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

အဆိုပါ သေဆုံးသူအမျိုးသားသည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် စက်တင်ဘာ ၁၂ ရက်နေ့၌ သတ်ဖြတ်ခံခဲ့ ရခြင်းဖြစ်သည်။

 

“ဒလန်ဟုတ်မဟုတ်ဆိုကတော့ အတည်ပြုလို့တော့မရဘူး။ အသတ်ခံရတာက ဟုတ်တယ်၊ သေလည်းသေ သွားတယ်” ဟု ခင်ဦးမြို့နယ် ဒေသခံတစ်ဦးက ပြောဆိုသည်။

 

အထက်ပါ အမျိုးသားတစ်ဦးကို လုပ်ကြံခဲ့မှုသည် ၎င်းတို့ လက်ချက်ဖြစ်တယ်လို့ ခင်ဦးမြို့နယ် တောကြီးမြွေ ဟောက်က ထုတ်ပြန်ထားသည်။

 

#PeopleMedia #ခင်ဦး

 

(unicode)


…………………………………………………………………..

 


 


 


 


 


 



Share this post