• Follow Us on

Home ဇာပက်-၂၀၂၁ စစ်ရေးလေ့ကျင့်မှုတွင် ရုရှားနိုင်ငံက စက်ရုပ်များ အသုံးပြုသွားခဲ့

ဇာပက်-၂၀၂၁ စစ်ရေးလေ့ကျင့်မှုတွင် ရုရှားနိုင်ငံက စက်ရုပ်များ အသုံးပြုသွားခဲ့

Share this post

 

 

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃ (People Media)

 

ရုရှားနိုင်ငံက ဆိုဗီယက်ခေတ်မဟာမိတ် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် ဇာပက်-၂၀၂၁ စစ်ရေး လေ့ကျင့်မှု ဒုတိယနေ့တွင် တိုက်ခိုက်ရေးစက်ရုပ်သစ်များနှင့် နည်းဗျူဟာယာဉ်များကို ထုတ်ဖော်အသုံးပြုသွား ခဲ့ကြောင်း ရုရှားကာကွယ်ရေဝန်ကြီးဌာနက စက်တင်ဘာလ ၁၁ ရက်နေ့ကကြေညာခဲ့သည်။

 

ဥရောပသမဂ္ဂနိုင်ငံများ၏ နယ်စပ်ဒေသများနှင့်နီးကပ်နေသော နယ်မြေများအပါအဝင် အနောက်နိုင်ငံများ၏ စစ် နံတပ်နယ်မြေများဖြစ်သော ရုရှားနှင့် ဘယ်လာရုစ်တို့ ပူးပေါင်းဆောင်ရွက်သည့် ဇာပက်-၂၀၂၁ စစ်ရေးလေ့ ကျင့်မှုကို စက်တင်ဘာလ ၁၆ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်း နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ကို တပ်လှန့်ခဲ့သည်။

 

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သောတပ်ဖွဲ့ဝင်များသည် ဗုံးပစ်လောင်ချာများနှင့် စက်သေနတ်များတပ်ဆင်ထားပြီး အဝေးမှထိန်းချုပ်ထားသော Platform-M တိုက်ခိုက်ရေးစက်ရုပ်များကို အသုံးပြုခဲ့သည်။ ယင်းကဲ့သို့ စက်ရုပ် များကိုအသုံးပြုခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရုရှားသတင်းဌာနများကဖော်ပြခဲ့ကြသည်။ Sarmat-2 နည်းဗျူဟာယာဉ်အသစ်များကိုလည်း အသုံးပြုသွားကြောင်းသိရသည်။

 

စစ်ရေးလေ့ကျင့်မှုများမှာ မည်သည့်နိုင်ငံကိုမှ တိုက်ရိုက်ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း၊ ရုရှားနိုင်ငံ၏ နယ်စပ် နှင့် ရုရှားမဟာမိတ်နိုင်ငံများ၏နယ်စပ်တို့တွင် နေတိုးလှုပ်ရှားမှုများ များပြားလာသဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သမ္မတဗလာဒီမာပူတင်ကပြောသည်။ ယူကရိန်းနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပိုလန်၊ လစ်သူ ယေးနီးယားနိုင်ငံတို့က အဆိုပါကြီးမားသော စစ်ရေးလေ့ကျင့်မှုမှာ နယ်စပ်နှင့်အလွန်နီးကပ်လွန်းပြီး တမင် သက်သက်ရန်စသောလုပ်ရပ်ဖြစ်ကြောင်း ပြောသည်။

 

“ရုရှားတပ်တွေဟာ လာမယ့်နှစ်တွေမှာ အက်စတိုးနီးယားကို ကျူးကျော်ဝင်ရောက်လာနိုင်တယ်ဆိုတာ ကျွန် တော်တို့ သဘောပေါက်ဖို့လိုပါတယ်။” ဟု အက်စတိုးနီးယားတပ်မတော်၏အကြီးအကဲမာတင်ဟီရမ်က သော ကြာနေ့ကပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင်ပြောသည်။ “ရုရှားရဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ကို အပြီး သိမ်းပိုက်ဖို့မဟုတ်ပါဘူး။ သူတို့ကကျူးကျော်ဝင်ရောက်လာပြီးအနိုင်ယူချင်တာမဟုတ်ဘူး။ သူတို့က ကျွန်တော် တို့နိုင်ငံကို မတည်ငြိမ်အောင်လုပ်ချင်နေတာ။ နိုင်ငံကို မတည်ငြိမ်အောင်လုပ်ပြီး အဲဒီမတည်ငြိမ်မှုကနေ သူတို့ သြဇာလွှမ်းမိုးမှုရအောင်လုပ်ချင်တာ။” ဟု မာတင်ဟီရမ်က ပြောသည်။

 

ရုရှားနိုင်ငံသည် စစ်ရေးလေ့ကျင့်မှုများကို လေးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်စစ်ရေးလေ့ကျင့်မှု မှာ ရုရှားနိုင်ငံက ဘယ်လာရုစ်နိုင်ငံကို ထောက်ပံ့နေသည်ဆိုသည့်အချက်အား သိသာထင်ရှားစေရန် ဘယ်လာ ရုစ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

Ref: Russia uses new hardware at big military drills

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

Ref: Russia uses new hardware at big military drills

 

#PeopleMedia


Share this post