• Follow Us on

Home နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားစြဲဆိုျခင္းခံရသည့္ ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕ဝင္ (၅) ဦး အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၁) ႏွစ္ ခ်မွတ္ခံရ

နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားစြဲဆိုျခင္းခံရသည့္ ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕ဝင္ (၅) ဦး အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၁) ႏွစ္ ခ်မွတ္ခံရ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၃၀

တပ္မေတာ္မွ တရားလုိျပဳလုပ္ၿပီး ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မ – ၅၀၅(က) ျဖင့္ တရားစြဲဆိုျခင္း ခံရသည့္ ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕ဝင္(၅)ဦး အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္(၁)ႏွစ္ ခ်မွတ္လုိက္သည္။

နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ – ၅၀၅ (က) ျဖင့္ တရားစြဲဆိုျခင္းခံရသည့္ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္ အဖြဲ႕မွ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း(ခ)ဒီေရ၊ ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသားႏွင့္ မေကခိုင္ထြန္းတို႔ (၅) ဦးအား အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၁) ႏွစ္ က်ခံေစရန္ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွ အမိန႔္ခ်မွတ္လိုက္ျခင္း ျဖစ္သည္။

လက္ရွိအခ်ိန္၌ ေဒါင္းတုိ႔မ်ဳိးဆက္သည္ အျခားေသာ တုိင္းေဒသႀကီးအခ်ဳိ႕၌ တပ္မေတာ္မွ တရားလုိျပဳလုပ္ တုိင္ၾကားထားသည့္အေပၚ ထပ္မံအမႈရင္ဆုိင္ရမည္ျဖစ္သည္။

Photo – ေဒါင္းတုိ႔မ်ဳိးဆက္သံခ်ပ္အဖြဲ႕

(unicode)
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခြင်းခံရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် (၅) ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁) နှစ် ချမှတ်ခံရ
…………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၃၀

တပ်မတော်မှ တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ – ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်း ခံရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်(၅)ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁)နှစ် ချမှတ်လိုက်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅ (က) ဖြင့် တရားစွဲဆိုခြင်းခံရသည့် ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသားနှင့် မကေခိုင်ထွန်းတို့ (၅) ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁) နှစ် ကျခံစေရန် မရမ်းကုန်းမြို့နယ် တရားရုံးမှ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်၌ ဒေါင်းတို့မျိုးဆက်သည် အခြားသော တိုင်းဒေသကြီးအချို့၌ တပ်မတော်မှ တရားလိုပြုလုပ် တိုင်ကြားထားသည့်အပေါ် ထပ်မံအမှုရင်ဆိုင်ရမည်ဖြစ်သည်။

Photo – ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့


Share this post