• Follow Us on

Home နိုင်ငံခြားသုံးငွေလဲလှယ်နှုန်းမြင့်တက်မှုကို ဖြေရှင်းရန် န-စ-က အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအပါအဝင် ပြည်ထောင်စုဝန်ကြီးများ ဆွေးနွေးမှု ပြုလုပ်

နိုင်ငံခြားသုံးငွေလဲလှယ်နှုန်းမြင့်တက်မှုကို ဖြေရှင်းရန် န-စ-က အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအပါအဝင် ပြည်ထောင်စုဝန်ကြီးများ ဆွေးနွေးမှု ပြုလုပ်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၃၀ (People Media)

 

နိုင်ငံခြားသုံးငွေလဲလှယ်နှုန်းမြင့်တက်မှုကို ဖြေရှင်းရန် န-စ-က အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအပါအဝင် ပြည်ထောင်စုဝန်ကြီးများ ဆွေးနွေးမှုကို မနေ့က ပြုလုပ်ခဲ့ကြပါတယ်။

 

နိုင်ငံခြားသုံးငွေလဲလှယ်နှုန်းမြင့်တက်လျက်ရှိပြီး ဈေးနှုန်းအမျိုးမျိုးဖြစ်ပေါ်နေမှုကို ဖြေရှင်းနိုင်ရန် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ပြည် ထောင်စုဝန်ကြီးများသည် စက်တင်ဘာလ ၂၉ ရက်နေ့၌ စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးပြုလုပ် ဆွေး နွေးခဲ့သည်။

 

အစည်းအဝေးတွင် ပြည်ပကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ အခြေအနေများ၊ ဈေးကွက်အတွင်း နိုင်ငံခြားသုံးငွေ အဆင်ပြေစွာ စီးဆင်းလည်ပတ်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များသို့ နိုင်ငံခြားသုံးငွေ ရောင်းချပေးမှုအခြေအနေများ၊ ပြည်ပပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရန်ဆောင်ရွက်ထားရှိမှုကိစ္စ များ၊ ပြည်ပပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင်နိုင်မှု အချိန်ကာလသတ်မှတ်ချက်များ၊ ပြည်ပပို့ကုန်မြှင့်တင် နိုင်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။

 

ထို့အပြင် နိုင်ငံခြားသုံးငွေ ငွေလဲလှယ်နှုန်း လက်ရှိအချိန်တွင် မြင့်တက်လျက်ရှိပြီး ဈေးနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေ မှုကို ဖြေရှင်းနိုင်ရန် ငွေကြေးတည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ထိရောက်စွာ ကူညီဖြည့်တင်းဖြေ ရှင်းဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

 

ယင်းအစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

 

#PeopleMedai #နစက #နိုင်ငံခြားငွေ #ဈေးနှုန်း

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post