• Follow Us on

Home ဖရစ်စစ်စကော့ကီးတံတားပြိုကျမှုမှာ ပျောက်ဆုံးနေတဲ့ ၆ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရပ်တန့်၊ သေဆုံးသွားပြီဟု ယူဆရ

ဖရစ်စစ်စကော့ကီးတံတားပြိုကျမှုမှာ ပျောက်ဆုံးနေတဲ့ ၆ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရပ်တန့်၊ သေဆုံးသွားပြီဟု ယူဆရ

Share this post

နိုင်ငံတကာ၊ မတ် ၂၈

 

အမေရိကန်နိုင်ငံ၊ ဘယ်လ်တီမိုးမြို့က ဖရစ်စစ်စကော့ကီးတံတားကြီး ပြိုကျသွားပြီးနောက် မတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားလိုက်ပြီး လူ ၆ ဦးသေဆုံး သွားတယ်လို့ အာဏာပိုင်တွေက ယူဆထားကြပါတယ်။

 

စင်္ကာပူအလံလွှင့်ထူထားတဲ့ ဒါလီအမည်ရှိ ကွန်တိန်နာသင်္ဘောကြီးဟာ ဓာတ်အားပြတ်တောက်ပြီး ဖရစ်စစ်စ ကော့ကီးတံတားကြီး ဝင်တိုက်ခဲ့တဲ့အတွက် တံတားပြိုကျခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

 

တံတားပြိုကျမှုကြောင့် လူတွေနဲ့ ကားတွေ မြစ်ထဲကို ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။

 

ပျောက်ဆုံးနေတဲ့ လူ ၆ ဦးကို ရှာဖွေနေတဲ့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်သားတွေကတော့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ ရှာဖွေရေးလုပ်ငန်းတွေကို ယာယီရပ်တန့်ထားလိုက်တယ်လို့ AFP က ပြောပါတယ်။

 

အဲဒီလူ ၆ ဦးဟာ တံတားကြီးပြိုကျနေစဉ်အတွင်း တံတားပေါ်မှာ ပြင်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေထဲက အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့ ရှာဖွေနေတဲ့အချိန်နဲ့ ရေထဲက အေးခဲမှုပမာဏအရ အဲဒီပုဂ္ဂိုလ်တွေကို အသက်ရှင်လျက်နဲ့ ပြန် တွေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။” လို့ ကမ်းခြေစောင့်တပ် ရေတပ်ဗိုလ်ချုပ်ကြီး ရှန်နွန်ဂဲလ်ရိသ်က ပြော ပါတယ်။

 

အစောပိုင်းကတော့ ပက်တက်စကိုမြစ်ထဲက လူ ၂ ဦး ဆယ်ယူရရှိခဲ့ပြီး တစ်ဦါ်ကတော့ ဒဏ်ရာပြင်းထန်တယ် လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

 

“မစဉ်းစားနိုင်လောက်အောင် ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်ပါပဲဗျာ။ ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးက တော့ ထိခိုက်နစ်နာသာအားလုံးအတွက် ကျွန်တော်တို့ ဆုတောင်းပေးဖို့ ဖြစ်ပါတယ်။” လို့ ဘယ်လ်တီမိုးမြို့ တော်ဝန် ဘရန်ဒန်စကော့က ပြောပါတယ်။

 

၁၉၇၇ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဒီတံတားကြီး ပြန်လည်ဆောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်ကို ပြည်ထောင်စုအစိုး ရက ကျခံသုံးစွဲသွားစေချင်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မတ်လ ၂၆ ရက်နေ့က ပြောပါတယ်။

 

ဖရန်စစ်စကော့ကီးတံတားကြီးဟာ နယူူးယောက်နဲ့ ဝါရှင်တန်ကို သွားတဲ့အခါ ဘယ်လ်တီမိုးမြို့ထဲကို မဝင်ဘဲ ရှောင်ကွင်းသွားနိုင်ဖို့အတွက် အဓိက ဖောက်လုပ်ထားတဲ့ တံတားကြီးဖြစ်ပါတယ်။

 

အဲဒီတံတားကြီးဟာ ဘယ်လ်တီမိုးဆိပ်ကမ်းကို ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းသုံးခုထဲက တစ်ခုဖြစ်ပြီး နေ့စဉ် ကားအစီးရေ ၃၁၀၀၀ စီး တစ်နှစ်ကို ကားအစီးရေ ၁၁. ၃ သန်း ဖြတ်သန်းသွားလာနေတဲ့ တံတားလည်း ဖြစ်ပါတယ်။

 

Ref: Baltimore Key Bridge collapse: 6 presumed dead as search efforts suspended

 

#PeopleMedia


Share this post