• Follow Us on
Latest News

Home နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ခိုင်မာစွာသံန္နိဋ္ဌာန်ချထားကြောင်း ဖိလစ်ပိုင်သမ္မတမားကို့စ်ပြော

နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ခိုင်မာစွာသံန္နိဋ္ဌာန်ချထားကြောင်း ဖိလစ်ပိုင်သမ္မတမားကို့စ်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၉

 

ဖိလစ်ပိုင်နိုင်ငံရဲ့ ပိုင်နက်နယ်မြေကို တစ်လက်မမှ အကျူးကျော်ခံမှာမဟုတ်ဘဲ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ဖိလစ်ပိုင်အစိုးရအနေနဲ့ ခိုင်မာစွာသံန္နိဋ္ဌာန်ချထားကြောင်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၉ ရက်နေ့) က သြစတေးလျလွှတ်တော်ထဲမှာပြောကြားလိုက်ပါတယ်။

 

တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက ပြောဆိုပြီး ရန်လိုမှုတွေမြင့်တက် နေစဉ်အတွင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေစပြီး တောင်တရုတ်ပင်လယ်အတွင်း သြစတေးလျနဲ့ ဖိလစ်ပိုင်တို့ ပထမဦးဆုံးအကြိမ်အဖြစ် ဝေဟင်/ရေပြင် ပူးတွဲကင်းလှည့်ခဲ့ပါတယ်။

 

“ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေ တစ်လက်မမှ ဘယ်နိုင်ငံခြားတပ်တွေရဲ့ ကျူးကျော်မှုကိုကို လက်ခံခွင့်ပြုမှာ မဟုတ်ပါဘူး။” လို့ မားကို့စ်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားပါတယ်။

 

တောင်တရုတ်ပင်လယ်ဟာ နှစ်စဉ် ဒေါ်လာ ၃ ထရီလီယန်တန်တဲ့ သင်္ဘောအခြေပြုကုန်သွယ်ရေးလုပ်ငန်း တွေဆောင်ရွက်နေတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ တရုတ်နိုင်ငံကြားက တင်းမာမှုတွေမြင့်တက် စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

 

တရုတ်နို်င်ငံဟာ ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုံ (EEZ) ထဲမှာ ရန်လိုတဲ့အပြုအမူတွေ ကျူးလွန်နေတယ်လို့ ဖိလစ် ပိုင်အစိုးရက စွပ်စွဲထားပါတယ်။

 

အဲဒီနေရာကို ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုံ (EEZ) အဖြစ် ၂၀၁၆ ခုနှစ်မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ က နိုင်ငံတကာတရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့ပေမဲ့ အဲဒီနေရာဟာ ဖိလစ်ပိုင်ရဲ့ EEZ အဖြစ်သတ်မှတ်ဖို့ ဥပဒေအရ ဘာတစ်ခုမှ အကျုံးမဝင်ဘူးလို့ ပြောဆိုပြီး တရားရုံးဆုံးဖြတ်ချက်ကို တရုတ်က ပယ်ချခဲ့ပါတယ်။

 

အဲဒီပင်လယ်ပြင်ကိုကာကွယ်ဖို့ဆိုတာ နိုင်ငံတကာတည်ငြိမ်ရေးအတွက် အရေးကြီးကြောင်း မားကို့စ်က ကြာသ ပတေးနေ့က ပြောပါတယ်။

 

“အလွန်အရေးပါတဲ့ ကမ္ဘာ့သွေးကြောလမ်းမကြီးအဖြစ် တောင်တရုတ်ပင်လယ်ကို ကာကွယ်ဖို့ဆိုတာ ဒေသ တွင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ကျွန်တော်ပြောရဲပါတယ် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီး တယ်လို့ ပြောချင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

သမ္မတမားကို့စ်ဟာ လာမယ့်သီတင်းပတ် မဲလ်ဘုန်းမှာကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း အထူး အစည်းအဝေးကို မတက်ရောက်မီ သြစတေးလျကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပါတယ်။

 

Ref: Philippines’ Marcos Says He Remains Firm in Defending Sovereignty

 

#PeopleMedia


Share this post