• Follow Us on
Latest News

Home မလေးရှားတွင် တရားမဝင်ရောက်ရှိနေသော မြန်မာများသတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ပြန်နိုင်ရန် အတွက် သက်သေခံလက်မှတ်ကို မြန်မာသံရုံးတွင် ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်

မလေးရှားတွင် တရားမဝင်ရောက်ရှိနေသော မြန်မာများသတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ပြန်နိုင်ရန် အတွက် သက်သေခံလက်မှတ်ကို မြန်မာသံရုံးတွင် ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

 

မလေးရှားတွင် တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားအစိုးရမှ ဖြေလျော့ပေး နေသည့် သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် မရှိသူများ အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(C of l)ကို မြန်မာသံရုံးတွင် ကိုယ်တိုင်လာရောက် လျှောက် ထားနိုင်ကြောင်း ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးမှ အသိပေးကြေညာထားသည်။

 

မလေးရှားအစိုးရမှ ၂၀၂၄ခုနှစ် မေလ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်နေ့အထိ မလေးရှားနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြသည့် နိုင်ငံြားသားများအား မူရင်းနိုင်ငံသို့ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (C of l) နှင့် အပြန်လေယာဉ်လက်မှတ်တို့ဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံး များတွင်သတ်မှတ် ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်၍ ၁၄ ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာ နိုင်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

သို့ဖြစ်ပါ၍ မလေးရှားတွင် တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် မလေးရှားအစိုးရမှ ဖြေလျော့ပေးနေသည့် သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် မရှိ သူများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of l)ကို မြန်မာသံရုံးတွင် ကိုယ်တိုင်လာ ရောက် လျှောက်ထားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံသား စိစစ်မှုမှန်ကန်ပါက ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးမှ အသိပေးကြေညာထားသည်။

 

မြန်မာနိုင်ငံသားများ အနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ WhatsApp no. +60 11 25010 5774သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။

 

#PeopleMedia


Share this post