• Follow Us on
Latest News

Home ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေပို့ဖို့ ဂျာမနီ စဉ်းစားဆဲဖြစ်

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေပို့ဖို့ ဂျာမနီ စဉ်းစားဆဲဖြစ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၉

 

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာ နှစ်နှစ်ကျော်လာပြီဖြစ်ပေမဲ့ ယူကရိန်းနိုင်ငံကအလွန်လိုအပ်နေတဲ့ တာဝေးပစ် ဒုံးကျည်တွေ ပို့ပေးဖို့ကိစ္စကို ဂျာမနီအစိုးရက စဉ်းစားနေဆဲဖြစ်ကြောင်း သိရပါတယ်။

 

အဲဒီတာဝေးပစ်လက်နက်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့ရင် စစ်ပွဲပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်နေတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံအနေနဲ့ ဆုံးဖြတ်ချက်မချနိုင်သေးဘူးလို့ ဂျာမန်နိုင်ငံခြား ရေးဝန်ကြီး အနာလီနာဘဲဘော့ခ်က မကြာသေးခင်ကပဲ ပြောပါတယ်။

 

အဲဒီလို တာဝေးပစ်ဒုံးကျည်တွေ ပေးပို့လိုက်မယ်ဆိုရင် စစ်ပွဲထဲမှာ ဂျာမနီနိုင်ငံက တိုက်ရိုက်ပါဝင်ပတ်သက်လာ တယ်လို့လည်း ယူဆသွားနိုင်ပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် ဂျာမနီရဲ့စစ်ရေးအကူအညီဟာ နည်းပါးလွန်းသေးတယ်ဆိုတာကို ဝန်ခံခဲ့ပေမဲ့ တာဝေး ပစ်ဒုံးကျည်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေ ဘယ်လိုထပ်မံပေးပို့နိုင်မလဲဆိုတာ ပြီးခဲ့တဲ့တစ်နှစ်လုံး ဂျာ မန်အာဏာပိုင်တွေ အပြင်းအထန် စဉ်းစားလာခဲ့ကြောင်း အနာလီနာဘဲဘော့ခ်က ပြောပါတယ်။

 

ရုရှားတပ်တွေကို မောင်းထုတ်ဖို့အတွက် ယူကရိန်းအာဏာပိုင်တွေက အနောက်နိုင်ငံတွေက တာဝေးပစ်ဒုံး ကျည်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေ အကူအညီတောင်းနေတာ ကြာပြီဖြစ်ပါတယ်။

 

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့လို နိုင်ငံတွေကတော့ ၎င်းတို့ရဲ့ဆုံးဖြတ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး ယူကရိန်းနိုင်ငံကို တာဝေးပစ်လက်နက်တွေ ပို့ပေးခဲ့ပါတယ်။

 

လတ်တလောကာလမှာ ရုရှားတပ်တွေက အောင်ပွဲတွေရနေတဲ့အတွက် ၎င်းတို့အတွက် လက်နက်ခဲယမ်းတွေ ပိုမိုလိုအပ်တယ်လို့ ယူကရိန်းတွေပြောဆိုနေတာကို လုံးဝ နားလည်ကြောင်း ဘဲဘော့ခ်က ပြောပါတယ်။

 

ရုရှားတပ်တွေဟာ လပေါင်းများစွာ ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် မဟာဗျူဟာမြောက်မြို့ဖြစ်တဲ့ အက်ဗ်ဒီအိုင် ဗီကာမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ရုရှားတွေ အဲဒီလိုအနိုင်ရခဲ့ပေမဲ့လည်း ယူကရိန်းအတွက် ဂျာမန်ထုတ် တားရပ်စ် (Taurus) ဒုံးကျည်တွေ ပေးပို့ ဖို့ ဂျာမန်လွှတ်တော်အမတ်တွေ စဉ်းစားနေဆဲဖြစ်ပါတယ်။

 

ကနဦးက စဉ်းစားထားတဲ့အထဲမှာ အဲဒီဒုံးကျည်တွေရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ရုရှားဘက်က သိမ်း ဆည်းရရှိသွားမှာကို ကာကွယ်တဲ့အနေနဲ့ရော တားရပ်စ်ဒုံးကျည်တွေရဲ့ တာဝေးပစ်ခတ်နိုင်တဲ့ အကွာအဝေးကို လျှော့ချသွားဖို့ရော နည်းပညာအကန့်အသတ်တွေ ထည့်သွင်းဖို့ ပါဝင်ခဲ့ပါတယ်။

 

ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေ မကြာခင်အချိန်အတွင်းမှာပို့ဆောင်ပေးနိုင်သလားဆိုတာကိုတော့ အနာလီနာဘဲဘော့ခ်က ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

Ref: Germany Still Discussing Sending Long-Range Weapons to Ukraine

 

#PeopleMedia


Share this post