• Follow Us on
Latest News

Home နီေပါနိုင္ငံက နိုင္ငံတကာ ေလေၾကာင္း ခရီးစဥ္မ်ားကို ျပန္လည္ေျပးဆြဲခြင့္ျပဳ

နီေပါနိုင္ငံက နိုင္ငံတကာ ေလေၾကာင္း ခရီးစဥ္မ်ားကို ျပန္လည္ေျပးဆြဲခြင့္ျပဳ

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၂

နီေပါနိုင္ငံက နိုင္ငံသားမ်ား၊ သံတမန္မ်ားႏွင့္ ဖြံ့ၿဖိဳးေရးမိတ္ဖက္မ်ားအတြက္ ငါးလေက်ာ္ၾကာ ပိတ္ထားခဲ့ သည့္ နိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားကို ယေန႔ ျပန္လည္စတင္လိုက္ေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာ သည္။

သို႔ေသာ္ ကမၻာလွည့္ခရီးသြားမ်ားကို နီေပါနိုင္ငံသို႔ ဝင္ေရာက္ခြင့္မျပဳဟု ခရီးသြားလုပ္ငန္းဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ရာဂ်န္ပိုဒယ္လ္က ေျပာၾကားခဲ့သည္။

နီေပါအစိုးရက တစ္ရက္လ်င္ လူ ၅၀၀ သာ ဝင္ေရာက္ခြင့္ျပဳမည္ျဖစ္သည္။ နီေပါနိုင္ငံသို႔ ေလေၾကာင္း ခရီးစဥ္ျဖင့္ ေရာက္ရွိလာသူမ်ားက ၇၂ နာရီအတြင္းျပဳလုပ္ထား သည့္ ဗိုင္းရပ္စ္ပိုးကင္းရွင္းေၾကာင္း PCR အစီရင္ခံ စာ ေပးရမည္ျဖစ္သည္။

“နီေပါနိုင္ငံကို ေရာက္လာရင္ ႏွစ္ပတ္ ၾကာ မျဖစ္မေန ေနအိမ္မွာ သီးျခားခြဲေနရမွာျဖစ္ပါတယ္။ PCR အ စီရင္ခံစာ မျပနိုင္တဲ့ ခရီးသည္တစ္ဦး ေခၚေဆာင္လာတဲ့ ေလေၾကာင္းလိုင္းက အဲဒီခရီးသည္ကို ဟိုတယ္မွာ သီး ျခားခြဲေစာင့္ၾကည့္ၿပီး ကုန္က်စရိတ္အားလုံး က်ခံရမွာျဖစ္ပါတယ္” ဟု ၄င္းက ဆိုသည္။

နီေပါနိုင္ငံက မတ္လ ၂၂ ရက္တြင္ နိုင္ငံတကာ ေလေၾကာင္းခရီးစဥ္မ်ားအားလုံး ရပ္ဆိုင္းခဲ့ၿပီး စင္းလုံးငွား ခရီးစဥ္မ်ားသာ ေျပးဆြဲခြင့္ျပဳခဲ့သည္။

နီေပါနိုင္ငံ၌ ေန႔စဥ္ ဗိုင္းရပ္စ္ကူးစက္မႈအေရအတြက္ ျမင့္တက္ေနျခင္းေၾကာင့္ ျပည္တြင္းေလေၾကာင္းခ ရီးစဥ္မ်ားကို ဆိုင္းငံ့ထားၿပီး ခတၱမႏၵဴၿမိဳ႕ေတာ္ႏွင့္ ၿမိဳ႕မ်ားစြာ၌ သြားလာမႈကန္႔ သတ္ခ်က္ ျပဳလုပ္ထားသည္။

ယေန႔နံနက္ပိုင္းအထိ နီေပါနိုင္ငံ၌ အတည္ျပဳ ဗိုင္းရပ္စ္ကူးစက္လူနာ ၃၉၄၆၀ ဦးႏွင့္ ေသဆုံးသူ ၂၂၈ ဦး ရွိ ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ရဲ့ အဓိကရည္မွန္းခ်က္က အေရွ႕အလယ္ပိုင္းေဒသ၊ မေလးရွားနဲ႔ ေတာင္ကိုရီးယားနိုင္ငံမွာ ေသာင္တင္ေနတဲ့ နီေပါနိုင္ငံသားေတြအတြက္ျဖစ္ၿပီး ပထမဆုံးေလေၾကာင္းခရီးစဥ္ေတြ ဒီေန႔ေႏွာင္းပိုင္းေရာက္ မယ္လို႔ ေမၽွာ္လင့္ရပါတယ္” ဟု ပိုဒယ္လ္က ေျပာသည္။

ကိုးကား – က်ိဳဒိုနယူးစ္

Ref; Nepal resumes limited int’l flights, tourists still unwelcome

#PeopleMedia

(Unicode)
နီပေါနိုင်ငံက နိုင်ငံတကာ လေကြောင်း ခရီးစဉ်များကို ပြန်လည်ပြေးဆွဲခွင့်ပြု
…………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၂

နီပေါနိုင်ငံက နိုင်ငံသားများ၊ သံတမန်များနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များအတွက် ငါးလကျော်ကြာ ပိတ်ထားခဲ့ သည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယနေ့ ပြန်လည်စတင်လိုက်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။

သို့သော် ကမ္ဘာလှည့်ခရီးသွားများကို နီပေါနိုင်ငံသို့ ဝင်ရောက်ခွင့်မပြုဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရာဂျန်ပိုဒယ်လ်က ပြောကြားခဲ့သည်။

နီပေါအစိုးရက တစ်ရက်လျင် လူ ၅၀၀ သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။ နီပေါနိုင်ငံသို့ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာသူများက ၇၂ နာရီအတွင်းပြုလုပ်ထား သည့် ဗိုင်းရပ်စ်ပိုးကင်းရှင်းကြောင်း PCR အစီရင်ခံ စာ ပေးရမည်ဖြစ်သည်။

“နီပေါနိုင်ငံကို ရောက်လာရင် နှစ်ပတ် ကြာ မဖြစ်မနေ နေအိမ်မှာ သီးခြားခွဲနေရမှာဖြစ်ပါတယ်။ PCR အ စီရင်ခံစာ မပြနိုင်တဲ့ ခရီးသည်တစ်ဦး ခေါ်ဆောင်လာတဲ့ လေကြောင်းလိုင်းက အဲဒီခရီးသည်ကို ဟိုတယ်မှာ သီး ခြားခွဲစောင့်ကြည့်ပြီး ကုန်ကျစရိတ်အားလုံး ကျခံရမှာဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

နီပေါနိုင်ငံက မတ်လ ၂၂ ရက်တွင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များအားလုံး ရပ်ဆိုင်းခဲ့ပြီး စင်းလုံးငှား ခရီးစဉ်များသာ ပြေးဆွဲခွင့်ပြုခဲ့သည်။

နီပေါနိုင်ငံ၌ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် မြင့်တက်နေခြင်းကြောင့် ပြည်တွင်းလေကြောင်းခ ရီးစဉ်များကို ဆိုင်းငံ့ထားပြီး ခတ္တမန္ဒူမြို့တော်နှင့် မြို့များစွာ၌ သွားလာမှုကန့် သတ်ချက် ပြုလုပ်ထားသည်။

ယနေ့နံနက်ပိုင်းအထိ နီပေါနိုင်ငံ၌ အတည်ပြု ဗိုင်းရပ်စ်ကူးစက်လူနာ ၃၉၄၆၀ ဦးနှင့် သေဆုံးသူ ၂၂၈ ဦး ရှိ ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က အရှေ့အလယ်ပိုင်းဒေသ၊ မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံမှာ သောင်တင်နေတဲ့ နီပေါနိုင်ငံသားတွေအတွက်ဖြစ်ပြီး ပထမဆုံးလေကြောင်းခရီးစဉ်တွေ ဒီနေ့နှောင်းပိုင်းရောက် မယ်လို့ မျှော်လင့်ရပါတယ်” ဟု ပိုဒယ်လ်က ပြောသည်။

ကိုးကား – ကျိုဒိုနယူးစ်

Ref; Nepal resumes limited int’l flights, tourists still unwelcome

#PeopleMedia


Share this post