• Follow Us on

Home ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီတည္ေဆာက္ေရးအတြက္ ဂ်ပန္ႏိုင္ငံမွ အစိုးရ၊ ပုဂၢလိကအားျဖင့္ ကူညီေထာက္ပံ့သြား မည္ဟု ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီတည္ေဆာက္ေရးအတြက္ ဂ်ပန္ႏိုင္ငံမွ အစိုးရ၊ ပုဂၢလိကအားျဖင့္ ကူညီေထာက္ပံ့သြား မည္ဟု ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ ၂

ျမန္မာႏိုင္ငံ၏ဒီမိုကေရစီတည္ေဆာက္ေရးအတြက္ ဂ်ပန္ႏိုင္ငံမွ အစိုးရ၊ ပုဂၢလိကအားျဖင့္ ကူညီ ေထာက္ပံ့သြား မည္ဟု ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီး Mr. MOTEGI Toshimitsu မွေျပာၾကားသည္။

အဆိုပါ ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီး Mr.MOTEGI Toshimitsu သည္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ံုးတြင္ ၾသဂုတ္ ၂၄ ရက္ေန႔ ညေနပိုင္းတြင္ ေတြ႕ဆံုေဆြးေႏြးစဥ္တြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္ၿပီး ၀န္ႀကီး Mr.MOTEGI မွ ရခိုင္ျပည္နယ္အေျခအေနႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္တြင္ တင္သြင္းခဲ့သည္ တပ္မေတာ္အက္ဥပေဒကို ျပင္ဆင္သည့္ဥပေဒအရ ရခိုင္ျပည္နယ္တြင္း ျဖစ္စဥ္ မ်ားႏွင့္ပတ္သက္ၿပီး စစ္တရား႐ုံးတြင္ စုံစမ္း စစ္ေဆးျခင္းႏွင့္ တရားစြဲဆိုျခင္းလုပ္ငန္းစဉ္မ်ားကို ေရွ႕ဆက္လုပ္ေဆာင္သြားရန္ ေမွ်ာ္လင့္ေနေၾကာင္းႏွင့္ ျပစ္ဒဏ္ခ်မွတ္မႈ လုပ္ထံုးလုပ္နည္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို တတ္ႏိုင္သေလာက္ ထုတ္ျပန္ေၾကညာသြားရန္ အေရးႀကီးေၾကာင္းမ်ားကို ေျပာၾကားခဲ့သည္။

၎၏ေျပာၾကားခ်က္အား ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္မွ ရခိုင္ျပည္နယ္အေရး ကိစၥမ်ား ေျဖရွင္းေရးအတြက္ လုပ္ငန္းစဥ္မ်ားကို ျမန္မာ့တပ္မေတာ္အေနျဖင့္ ျပႆနာမ်ားေျဖရွင္းေရး အတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္သြားလိုေၾကာင္းမ်ားကို အျပန္အလွန္ ရွင္းလင္းေျပာၾကားခဲ့ သည္။

ထို႔အျပင္ အေထြေထြေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးမွ တပ္မေတာ္၏ ပူးေပါင္း ကူညီမႈျဖင့္ လြတ္လပ္၍တရားမွ်တေသာေရြးေကာက္ပြဲကို က်င္းပႏိုင္မည္ကို အခိုင္အမာယံုၾကည္ ေၾကာင္းေျပာၾကားခ်က္အေပၚ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္မွ တရားမွ်တေသာ ေရြးေကာက္ပြဲ က်င္းပႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း ျပန္လည္ေျပာၾကားခဲ့ၿပီး ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္ရြက္မႈမ်ားကို ပိုမိုတိုးျမႇင့္လုပ္ေဆာင္သြားၾကရန္ ႏွစ္ဘက္စလံုးမွ အတည္ျပဳေျပာၾကားခဲ့ၾကသည္။

#PeopleMedia # ျမန္မာနိုင္ငံဆိုင္ရာဂ်ပန္သံ႐ုံး

(Unicode)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ အစိုးရ၊ ပုဂ္ဂလိကအားဖြင့် ကူညီထောက်ပံ့သွား မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော
……………………………………………

ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံ၏ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ အစိုးရ၊ ပုဂ္ဂလိကအားဖြင့် ကူညီ ထောက်ပံ့သွား မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI Toshimitsu မှပြောကြားသည်။

အဆိုပါ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.MOTEGI Toshimitsu သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတွင် သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးစဉ်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ဝန်ကြီး Mr.MOTEGI မှ ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်ပြီး လွှတ်တော်တွင် တင်သွင်းခဲ့သည် တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ် များနှင့်ပတ်သက်ပြီး စစ်တရားရုံးတွင် စုံစမ်း စစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းလုပ်ငန်းစဉ်များကို ရှေ့ဆက်လုပ်ဆောင်သွားရန် မျှော်လင့်နေကြောင်းနှင့် ပြစ်ဒဏ်ချမှတ်မှု လုပ်ထုံးလုပ်နည်းများနှင့် အကြောင်းအရာများကို တတ်နိုင်သလောက် ထုတ်ပြန်ကြေညာသွားရန် အရေးကြီးကြောင်းများကို ပြောကြားခဲ့သည်။

၎င်း၏ပြောကြားချက်အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရခိုင်ပြည်နယ်အရေး ကိစ္စများ ဖြေရှင်းရေးအတွက် လုပ်ငန်းစဉ်များကို မြန်မာ့တပ်မတော်အနေဖြင့် ပြဿနာများဖြေရှင်းရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်းများကို အပြန်အလှန် ရှင်းလင်းပြောကြားခဲ့ သည်။

ထို့အပြင် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးမှ တပ်မတော်၏ ပူးပေါင်း ကူညီမှုဖြင့် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကို ကျင်းပနိုင်မည်ကို အခိုင်အမာယုံကြည် ကြောင်းပြောကြားချက်အပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားကြရန် နှစ်ဘက်စလုံးမှ အတည်ပြုပြောကြားခဲ့ကြသည်။

#PeopleMedia # မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး


Share this post