• Follow Us on
Latest News

Home မြောက်ဦးမြို့နှင့် ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်သဖြင့် အရပ်သားများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက် နှာများတွင်ဖြန့်ဝေ

မြောက်ဦးမြို့နှင့် ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်သဖြင့် အရပ်သားများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက် နှာများတွင်ဖြန့်ဝေ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာ အနီးပတ်ဝန်းကျင်ကို ဒီဇင်ဘာ ၂၈ ရက်တွင် တပ်မ တော်ကလေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကောလာဟလသတင်းများကို လူမှုကွန်ရက်စက်မျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်အရ AA သောင်းကျန်းသူအဖွဲ့သည် မြောင်းဘွေ ရဲစခန်းနေရာအား Drone များအသုံးပြု၍ အဝေးမှလာရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက Drone Gun များဖြင့် တန်ပြန်အသုံးပြု တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းတို့၏ Drop ဗုံးသီးများ ဝန်းကျင်ကျေးရွာများအနီး ကျ ရောက်ပေါက်ကွဲခြင်းများရှိကြောင်းနှင့် တပ်မတော်မှ ၎င်းရက်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်း မရှိ ကြောင်း သိရသည်။

 

အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွင် တပ်မ တော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတာဝန်များ ထမ်းဆောင် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရှိရပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post