• Follow Us on

Home န-စ-က ခန့် UEC မှ နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများကို မကြာမီစစ်ဆေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်

န-စ-က ခန့် UEC မှ နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများကို မကြာမီစစ်ဆေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၃ (People Media)

 

နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများကို မကြာမီစစ်ဆေးသွားမည်ဖြစ်ကြောင်း ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် န-စ-က မှ ခန့်အပ်ထားသော UEC က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏အကူအညီကိုရယူ၍ နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေးပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခံနိုင်ရေး ပြင်ဆင်ထားရှိရန်နှင့် စစ်ဆေးမည့်နေ့ရက်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိပါတယ်။

 

ထို့အပြင် နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၇ နှင့် နည်းဥပဒေ ၂၂ အရနှစ် စဉ်စာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့်စပ်လျဉ်းသည့် နှစ်ချုပ်စာရင်း ပြုစုခြင်း၊ ယင်းစာရင်းများကို ပါတီတွင်း စာရင်းစစ်ကော်မတီတစ်ရပ်ထားရှိ စစ်ဆေးစေခြင်း၊ ပါတီစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့ကို နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် သုံးလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ထားရှိရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိပါတယ်။

 

လက်ရှိအချိန်၌ ၂၀၂၀ ရွေးကောက်ပွဲ၌ တာဝန်ယူခဲ့သည့် UEC အဖွဲ့ဝင်များကို န-စ-က မှ ဖမ်းဆီးထားပါတယ်။

 

#PeopleMedia #UEC

 

(unicode)


…………………………………………………………………

 


 


 


 


 


 

#PeopleMedia #UEC


Share this post