• Follow Us on
Latest News

Home ပလက္ဝ-ဇိုရမ္ပူလမ္း စီမံကိန္းအသုံးျပဳ ေရယာဥ္ကုိ AA အဖြဲ႕မွ ဖမ္းဆီးစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး ေရယာဥ္ဝန္ထမ္း မ်ား၏ ေငြႏွင့္ဖုန္းမ်ားကုိ ယူေဆာင္

ပလက္ဝ-ဇိုရမ္ပူလမ္း စီမံကိန္းအသုံးျပဳ ေရယာဥ္ကုိ AA အဖြဲ႕မွ ဖမ္းဆီးစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး ေရယာဥ္ဝန္ထမ္း မ်ား၏ ေငြႏွင့္ဖုန္းမ်ားကုိ ယူေဆာင္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂

ပလက္ဝ-ဇိုရမ္ပူလမ္းစီမံကိန္းတြင္ အသုံးျပဳမည့္ေျမတူးစက္သုံးစီး၊ ေျမေကာ္ယာဥ္တစ္စီးႏွင့္ ေျဖညႇိစက္တစ္စီး တင္ေဆာင္ထားေသာ ပင္လယ္မင္းသမီးဇက္သေဘၤာတစ္စင္းအား ႏိုဝင္ဘာ ၃၀ ရက္ ညပိုင္းတြင္ ေက်ာက္ ေတာ္ၿမိဳ႕နယ္၊ တင္းမေက်း႐ြာအနီး ကုလားတန္ျမစ္အတြင္း၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေခ်ာင္း ေျမာင္းပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီး ေရယာဥ္အမႈထမ္းမ်ားအား ဖမ္းဆီးစစ္ေဆးမႈျပဳလုပ္ကာ လက္ကိုင္တယ္လီဖုန္း မ်ားႏွင့္ ေငြမ်ားအား သိမ္းဆည္းယူေဆာင္သြားေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ပလက္ဝ-ဇိုရမ္ပူလမ္း စီမံကိန္းတြင္ အသုံးျပဳမည့္ ေျမတူးစက္သုံးစီး၊ ေျမေကာ္ယာဥ္တစ္စီးႏွင့္ ေျမညႇိ စက္တစ္စီး တင္ေဆာင္ထားေသာ ပင္လယ္မင္းသမီးဇက္သေဘၤာသည္ ႏိုဝင္ဘာ ၂၅ ရက္တြင္ စစ္ေတြမွ ေက်ာက္ေတာ္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး ႏိုဝင္ဘာ ၂၉ ရက္တြင္ ေက်ာက္ေတာ္ၿမိဳ႕မွ ပလက္ဝသို႔ ထြက္ခြာခဲ့ေၾကာင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေျမာက္ေတာင္ေက်း႐ြာအနီး ေရာက္ရွိစဥ္ ျမစ္အတြင္း ေသာင္တင္ေသာေၾကာင့္ စက္ရွိန္ ျမႇင့္႐ုန္းထြက္ ေဆာင္႐ြက္ရာ ပန္ကာ႐ြက္က်ိဳးမႈ ျဖစ္ခဲ့သျဖင့္ ၎ေနရာ၌ ညအိပ္အေျချပဳခဲ့ၿပီး ႏိုဝင္ဘာ ၃၀ ရက္ နံနက္ပိုင္းတြင္သေဘၤာအား ျပန္လည္ျပဳျပင္၍ ဆက္လက္ထြက္ခြာလာခဲ့ရာ တင္းမေက်း႐ြာသို႔ေရာက္ရွိစဥ္ ႐ြာ၏ အေနာက္ဘက္ကမ္းမွ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေခ်ာင္း ေျမာင္းပစ္ခတ္ တားဆီးခဲ့ေၾကာင္း၊ ၎ေနာက္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက သေဘၤာေပၚသို႔ ေရာက္ရွိလာၿပီး ေရယာဥ္အမႈထမ္းမ်ားအား လက္ျပန္ႀကိဳးတုပ္၍ ကမ္းေပၚသို႔ ေခၚေဆာင္စစ္ေဆးမႈမ်ား ျပဳ လုပ္ၿပီး လက္ကိုင္တယ္လီဖုန္း ေလးလုံးႏွင့္ ေငြက်ပ္ ၃ သိန္းခန႔္အား ယူေဆာင္ၿပီး ျပန္လည္ေစလႊတ္ေပးခဲ့ ေၾကာင္း၊ ထိုသို႔ပစ္ခတ္ျခင္းေၾကာင့္ သေဘၤာေမာင္းခန္းရွိ ေလကာမွန္ငါးခ်ပ္ႏွင့္ သေဘၤာမီးဆလိုက္တစ္ခု၊ ေျမေကာ္ယာဥ္တစ္စီး၏ ေရွ႕ေလကာမွန္ႏွင့္ ေနာက္ဘက္ ေလကာမွန္မ်ား ကြဲေၾကပ်က္စီးခဲ့ေၾကာင္း သိရွိရ သည္။

စီမံကိန္းတြင္ အသုံးျပဳမည့္ ယာဥ္၊ ယႏၲရားမ်ား ပို႔ေဆာင္သည့္ တာဝန္ရွိသူမ်ား အေနျဖင့္လည္း ခရီးလမ္းလုံၿခဳံ ေရးအတြက္ နယ္ေျမလုံၿခဳံေရး ေဆာင္႐ြက္လ်က္ရွိသည့္ တပ္ဖြဲ႕ဝင္မ်ားသို႔ ႀကိဳတင္ခြင့္ျပဳခ်က္ တင္ျပျခင္းမရွိဘဲ ၎င္းတို႔အစီအစဥ္ျဖင့္ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား၊ ပလက္ဝတံတားစီမံကိန္းႏွင့္ ပလက္ဝ-ဇိုရမ္ပူလမ္း စီမံကိန္းမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္၍ မတ္ ၁၆ ရက္ႏွင့္ ႏိုဝင္ဘာ ၂၂ ရက္တို႔တြင္ လည္း ေခ်ာင္းေျမာင္းပစ္ခတ္ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး ယခုထပ္မံ၍ ေခ်ာင္းေျမာင္းပစ္ခတ္ျခင္းမ်ား ျပဳ လုပ္သည့္အျပင္ ေရယာဥ္ဝန္ထမ္းမ်ားအား အတင္းအဓမၼ ဖမ္းဆီးစစ္ေဆးၿပီး လက္ကိုင္တယ္လီဖုန္းမ်ားႏွင့္ ေငြမ်ားကိုပါ ယူေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ အဆိုပါေနရာတစ္ဝိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္ လုံၿခဳံေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ ရွိေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #AA #Political

(Unicode)
ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းအသုံးပြု ရေယာဉ်ကို AA အဖွဲ့မှ ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ရေယာဉ်ဝန်ထမ်း များ၏ ငွေနှင့်ဖုန်းများကို ယူဆောင်
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂

ပလက်ဝ-ဇိုရမ်ပူလမ်းစီမံကိန်းတွင် အသုံးပြုမည့်မြေတူးစက်သုံးစီး၊ မြေကော်ယာဉ်တစ်စီးနှင့် ဖြေညှိစက်တစ်စီး တင်ဆောင်ထားသော ပင်လယ်မင်းသမီးဇက်သင်္ဘောတစ်စင်းအား နိုဝင်ဘာ ၃၀ ရက် ညပိုင်းတွင် ကျောက် တော်မြို့နယ်၊ တင်းမကျေးရွာအနီး ကုလားတန်မြစ်အတွင်း၌ AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်း မြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရေယာဉ်အမှုထမ်းများအား ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ကာ လက်ကိုင်တယ်လီဖုန်း များနှင့် ငွေများအား သိမ်းဆည်းယူဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းတွင် အသုံးပြုမည့် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ်တစ်စီးနှင့် မြေညှိ စက်တစ်စီး တင်ဆောင်ထားသော ပင်လယ်မင်းသမီးဇက်သင်္ဘောသည် နိုဝင်ဘာ ၂၅ ရက်တွင် စစ်တွေမှ ကျောက်တော်မြို့သို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်တော်မြို့မှ ပလက်ဝသို့ ထွက်ခွာခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာအနီး ရောက်ရှိစဉ် မြစ်အတွင်း သောင်တင်သောကြောင့် စက်ရှိန် မြှင့်ရုန်းထွက် ဆောင်ရွက်ရာ ပန်ကာရွက်ကျိုးမှု ဖြစ်ခဲ့သဖြင့် ၎င်းနေရာ၌ ညအိပ်အခြေပြုခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင်သင်္ဘောအား ပြန်လည်ပြုပြင်၍ ဆက်လက်ထွက်ခွာလာခဲ့ရာ တင်းမကျေးရွာသို့ရောက်ရှိစဉ် ရွာ၏ အနောက်ဘက်ကမ်းမှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်း မြောင်းပစ်ခတ် တားဆီးခဲ့ကြောင်း၊ ၎င်းနောက် AA အကြမ်းဖက် သောင်းကျန်းသူများက သင်္ဘောပေါ်သို့ ရောက်ရှိလာပြီး ရေယာဉ်အမှုထမ်းများအား လက်ပြန်ကြိုးတုပ်၍ ကမ်းပေါ်သို့ ခေါ်ဆောင်စစ်ဆေးမှုများ ပြု လုပ်ပြီး လက်ကိုင်တယ်လီဖုန်း လေးလုံးနှင့် ငွေကျပ် ၃ သိန်းခန့်အား ယူဆောင်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ ကြောင်း၊ ထိုသို့ပစ်ခတ်ခြင်းကြောင့် သင်္ဘောမောင်းခန်းရှိ လေကာမှန်ငါးချပ်နှင့် သင်္ဘောမီးဆလိုက်တစ်ခု၊ မြေကော်ယာဉ်တစ်စီး၏ ရှေ့လေကာမှန်နှင့် နောက်ဘက် လေကာမှန်များ ကွဲကြေပျက်စီးခဲ့ကြောင်း သိရှိရ သည်။

စီမံကိန်းတွင် အသုံးပြုမည့် ယာဉ်၊ ယန္တရားများ ပို့ဆောင်သည့် တာဝန်ရှိသူများ အနေဖြင့်လည်း ခရီးလမ်းလုံခြုံ ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များသို့ ကြိုတင်ခွင့်ပြုချက် တင်ပြခြင်းမရှိဘဲ ၎င်းင်းတို့အစီအစဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပလက်ဝတံတားစီမံကိန်းနှင့် ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းများ ပျက်ပြားစေရန် ရည်ရွယ်၍ မတ် ၁၆ ရက်နှင့် နိုဝင်ဘာ ၂၂ ရက်တို့တွင် လည်း ချောင်းမြောင်းပစ်ခတ်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး ယခုထပ်မံ၍ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြု လုပ်သည့်အပြင် ရေယာဉ်ဝန်ထမ်းများအား အတင်းအဓမ္မ ဖမ်းဆီးစစ်ဆေးပြီး လက်ကိုင်တယ်လီဖုန်းများနှင့် ငွေများကိုပါ ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #AA #Political


Share this post