• Follow Us on

Home ပါကစ္စတန်ထိပ်တန်းစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်

ပါကစ္စတန်ထိပ်တန်းစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃ (People Media)

 

ပါကစ္စတန်နိုင်ငံမှ စစ်ဘက်ဆိုင်ရာထိပ်တန်းအဆင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လျှို့ဝှက်စွာ လာရောက်သွားကြောင်းသိရသည်။

 

ပါကစ္စတန်စစ်ဘက်မှ မြန်မာနိုင်ငံအား ယခုလိုချဉ်းကပ်လာခြင်းမှာ တရုတ်နိုင်ငံ၏အကြံပေးချက်ကို လိုက်နာ သည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Zee သတင်းဌာနတွင်ဖော်ပြထားသည်။

 

ခရီးစဉ်အတွင်း ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့က လေယာဉ်ပြင်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေတပ်လက် နက်ခဲယမ်းများထောက်ပံ့ရေးကိစ္စများအား မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည်။

 

မြန်မာ့လေတပ်သည် ပါကစ္စတန်နိုင်ငံတွင်တပ်ဆင်သော တရုတ်နိုင်ငံထုတ် JF 17 ဂျက်တိုက်လေယာဉ်များကို သုံးစွဲနေသောနိုင်ငံဖြစ်သည်။ TJF-17 ဂျက်တိုက်လေယာဉ်များကို ပါကစ္စတန် Aeronautical Complex နှင့် တ ရုတ် Chengdu Aerospace Corporation တို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံမှ ရိုဟင်ဂျာပြဿနာများနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးအေးစက် ခဲ့ဖူးသည်။

 

တရုတ်နိုင်ငံသည်နိုင်ငံပေါင်းများစွာတွင်ခြေချရန်တောက်လျှောက်မြှင့်တက်ကြိုးစားလျက်ရှိရာ အာဖဂန်နစ္စတန် မှ အမေရိကန်တပ်များဆုတ်ခွာပြီးနောက် ပါကစ္စတန်စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ ယခုလို လာရောက် ခြင်းမှာ အလွန်အရေးပါသည့်ဖြစ်ရပ်တစ်ခုဖြစ်သည်။

 

Ref: Pakistan’s high-level military delegation visits Myanmar

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 

Ref: Pakistan’s high-level military delegation visits Myanmar

 

#PeopleMedia


Share this post