• Follow Us on

Home ပါကစ္စတန် ရှီရိုက် ဗလီတစ်လုံးတွင် ဗုံးပေါက်ကွဲရာ လူ ၃၀ ထက်မနည်း သေဆုံးပြီး ၅၆ ယောက် ဒဏ်ရာရ

ပါကစ္စတန် ရှီရိုက် ဗလီတစ်လုံးတွင် ဗုံးပေါက်ကွဲရာ လူ ၃၀ ထက်မနည်း သေဆုံးပြီး ၅၆ ယောက် ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ မတ် ၅

 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ပက်ရှ်ဝါမြို့ရှိ ရှီရိုက်ဗလီတစ်လုံးမှာ သောကြာနေ့က ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ရာ လူဦးရေ ၃၀ ထက်မနည်းသေဆုံးခဲ့ပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်ကျန်းမာရေးဝန်ထမ်း တစ်ဦးကပြောပါတယ်။

 

ဗုံးပေါက်ကွဲတဲ့နေရာဟာ မြို့တော်အစ္စလာမ်မာဘတ်ဒ်ရဲ့ အနောက်ဘက် မိုင် ၁၂၀ ဝန်းကျင်လောက်မှာရှိတဲ့ ပက်ရှ်ဝါမြို့ Kocha Risaldar အနီးမှာရှိတဲ့ဗလီတစ်လုံးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး သောကြောနေ့ ဗလီဝတ် မ တက်ခင် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

 

“ကျွန်တော်မြင်တာတော့ လူတစ်ယောက်က ဗလီထဲကို မဝင်ခင် ရဲနှစ်ယောက်ကို သေနတ်နဲ့ပစ်နေတာတွေ့ လိုက်ရတယ်။ နောက်ပြီးတော့ ပေါက်ကွဲသံကြီး ကြားလိုက်ရတာပဲ။” လို့ ဇာဟစ်ခန်းဆိုသူကပြောပါတယ်။

 

အဆိုပါဗုံးပေါက်ကွဲမှုမှာ ပါကစ္စတန်နိုင်ငံ ရာဝဲလ်ပင်ဒီမြို့မှာကျင်းပတဲ့ ပါကစ္စတန်နိုင်ငံနဲ့ သြစတေးလျနိုင်ငံတို့ရဲ့ ခရစ်ကက်ပြိုင်ပွဲ ပထမနေ့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းခရစ်ကက်ပြိုင်ပွဲမှာ လုံခြုံရေးအခြေအနေအရ နှစ် ပေါင်းအစိတ်နီးပါး မကျင်းပဖြစ်ခဲ့တဲ့ပြိုင်ပွဲဖြစ်ပါတယ်။

 

ပေါက်ကွဲမှုကြောင့် လူဦးရေ ၃၀ သေဆုံးခဲ့ကြောင်း ပက်ရှ်ဝါ အမျိုးသမီးဆေးရုံကြီးမှ ပြောခွင့်ရပုဂ္ဂိုလ် မူဟမ်မက် အေဆမ်ခန်းက အတည်ပြုပြောကြားခဲ့ပါတယ်။

 

ပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့အဆောက်အဦပြတင်းပေါက်တွေကိုပါ ထိမှန်ခဲ့ပြီး ကယ်ဆယ်ရေးလုပ် သားတွေက အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို သယ်ထုတ်နေတာတွေ့ရကြောင်း မျက်မြင်သက်သေတွေ က ပြောပါတယ်။

 

Ref: At Least 30 Dead, 56 Wounded in Northwest Pakistan Mosque Blast

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 


 

Ref: At Least 30 Dead, 56 Wounded in Northwest Pakistan Mosque Blast

 

#PeopleMedia


Share this post