• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အမည်မသိ အသက် ၇၀ နှစ်ခန့် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးနေ

ပြင်ဦးလွင်ကော်ဖီစီမံကိန်း လုပ်ငန်းရှင်များအနေဖြင့် ကော်ဖီပင်များဖြစ်ထွန်းအောင် စိုက်ပျိုးထားခြင်းမရှိပါက လုပ်ကိုင်ခွင့်ရုပ်သိမ်းသွားမည်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၇

 

ပြင်ဦးလွင်ကော်ဖီစီမံကိန်း လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးထားသည့် ကော်ဖီပင်များကို အပင်ဖြစ်ထွန်း အောင်မြင်မှုရှိအောင် ထိန်းသိမ်းပြုစုကြရန် လိုအပ်ကြောင်း၊ ထပ်မံကွင်းဆင်းစစ်ဆေး၍ ကော်ဖီပင်များဖြစ်ထွန်းအောင် စိုက်ပျိုးထားခြင်းမရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ခွင့်ရုပ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

 

ယမန်နေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၄၃)ရှိ အစည်းအဝေးခန်းမ၌ မြေပြင်ကွင်းဆင်း စစ်ဆေးချက်အရ မြေဧရိယာအပြည့်အဝ မစိုက်ပျိုးဘဲ တစ်စိတ်တစ်ဒေသကိုသာ စိုက်ပျိုးထားသူလုပ်ငန်းရှင် ၁၁ ဦးနှင့် စိုက်ပျိုးထားသော်လည်း ဖြစ်ထွန်းအောင်မြင်မှု အားနည်းနေသူ လုပ်ငန်းရှင် ၅၆ ဦးတို့ကို ခေါ်ယူတွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

တာဝန်ရှိသူများက လုပ်ငန်းရှင်များကို နည်းပညာ၊ မျိုးစေ့၊ ပျိုးပင်လိုအပ်ချက်များနှင့် အခြားအခက်အခဲများရှိပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောသည်။

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ကော်ဖီစီမံကိန်း ဧရိယာအတွင်းရှိ ကော်ဖီစိုက်ပျိုးရန် လုပ်ကိုင်ခွင့်ချထားပေးသောမြေများအပေါ် စိုက်ပျိုးဆောင်ရွက် ထားမှုအခြေအနေကို မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အချို့မှာ ဧရိယာပြည့် စိုက်ပျိုးထားမှုမရှိခြင်း၊ အချို့မှာ စိုက်ပျိုးထားသည် ဆိုရုံမျှသာ စိုက်ပျိုးထားခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post