• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အမည်မသိ အသက် ၇၀ နှစ်ခန့် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးနေ

မဲစာရင်းပြုစုနိုင်ရန် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း ပြည်ထောင်စု၀န်ကြီးပြောကြား

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၇

 

မဲစာရင်းပြုစုနိုင်ရန် လူဦးရေစာရင်းများပြုစုရာတွင် မြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံပြုစုရသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ထို့‌နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် မြို့နယ် ၅၀ ၌ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမည် ဖြစ်ကြောင်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းမြို့နယ် ၅၀ အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အခြေခံအသုံးပြုမည့် အတည်ပြုလူဦးရေစာရင်းအား မိမိတို့မြေပြင်ကွင်းဆင်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က သတ်မှတ်ကာလအတွင်း အချိန်မီပြုစုပေးပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ် ဦးစီးမှူးရုံးအဝင်၌ ဧည့်ကြိုကောင်တာ ထားရှိဆောင်ရွက်မှု၊ မြို့နယ်ရုံးအတွင်း ဝန်ထမ်းများနှင့် မြို့နယ်အဆင့် ငါးဦးကော်မတီတို့က ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးခြင်းလုပ်ငန်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူဆောင်ရွက်မှုလုပ်ငန်းများကို လမင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေမှု၊ မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုကို ကြည့်ရှုအားပေးခဲ့သည်။

 

#PeopleMedia


Share this post