• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အမည်မသိ အသက် ၇၀ နှစ်ခန့် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးနေ

လူမှုကွန်ရက်များပေါ်တွင် တပ်မတော်အရာရှိ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်တောင်းခံနေသူများကို ဖော်ထုတ်အရေးယူခဲ့ပြီး ဆက်လက်ပြီး စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော် ၊ နိုဝင်ဘာ ၂၇

 

လူမှုကွန်ရက်များပေါ်တွင် တပ်မတော်အရာရှိ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်တောင်းခံနေသူများကို ဖော်ထုတ်အရေးယူခဲ့ပြီး ဆက်လက်ပြီး စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားလိုက်ပါတယ်။

 

နိုဝင်ဘာလ (၂၆)ရက် မွန်းလွဲပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၆)မှ အမှာစကားပြောကြားရာမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ “စည်းကမ်းတကျ ဆင့်ခေါ်မှုကို အလေးထားရန်” လမ်းညွှန်ထားရှိမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် ဦးစွာမှာကြားလိုပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်နှင့်အညီ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲပြီး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတိုင်းဒေသကြီး/ ပြည်နယ်အလိုက် နယ်မြေများအတွင်း အဓမ္မဆင့်ခေါ်မှုနှင့် ငွေကြေးတောင်းခံမှုများမရှိစေရေး စနစ်တကျ စီမံချက်ချဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြစ်မှုကျူးလွန်သူတချို့ကြောင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးလုပ်ငန်းစဉ်၏ပုံရိပ်ကို ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း ဗဟိုအဖွဲ့သို့ တင်ပြလာသည့် တိုင်ကြားစာများအား စနစ်တကျစိစစ်၍ အရေးယူစေလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနနှင့်လည်း ပေါင်းစပ်၍ ဥပဒေမဲ့ဆောင်ရွက်ချက်များကို ထိထိရောက်ရောက် အရေးယူလျက်ရှိတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ထပ်မံပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ယနေ့အထိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၇) (၇/၂၀၂၆)ထိ သင်တန်းဆင်းခဲ့ပြီး လက်ရှိတွင်လည်း သင်တန်း(၃)ပတ်စဉ် ဖွင့်လှစ်တက်ရောက် လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့များအနေဖြင့် အင်အားအချက်အလက်အမှန်ရရှိရေး မိမိနယ်မြေအတွင်း အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနနှင့် ပေါင်းစပ်၍ စာရင်းပြုစုမှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ် နိုင်ရေးစီမံထားရှိရမည်ဖြစ်ကြောင်းကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့ပါတယ်။

 

၎င်းနောက် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိသူများကိုလည်း တပ်/သင်တန်းကျောင်းများမှ ပြန်လည်စေလွှတ်ပေးသည့်အခါ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများသို့သာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လွှဲပြောင်း/ လက်ခံပြုလုပ်၍ စေလွှတ်ပေးလျက်ရှိပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီသို့ လွှဲပြောင်း/ လက်ခံပြုလုပ်ပေးခြင်းမျိုးမရှိကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ထပ်မံပြောကြားခဲ့ပါတယ်။

 

#PeopleMedia


Share this post