• Follow Us on

Home ပြည်ကြီးတံခွန်မြို့နယ်၌ တရားမဝင်သစ်ခွ (၅၇၄)ပိဿာ သိုလှောင်ထားသူကို ဖမ်းဆီး

ပြည်ကြီးတံခွန်မြို့နယ်၌ တရားမဝင်သစ်ခွ (၅၇၄)ပိဿာ သိုလှောင်ထားသူကို ဖမ်းဆီး

Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၂၃
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၌ တရားမဝင်သစ်ခွ (၅၇၄)ပိဿာ သိုလှောင်ထားသူကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်သည်။
ဖြစ်စဉ်မှာ ၂၂-၁၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၄ လမ်းနှင့် ၆၀(D)လမ်းကြား၊ အိမ်အမှတ်(တတ-၃/၃၇)ခြံဝင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ တရားမဝင်တောဂျင်း၊ လိပ်ပြာဥ၊ သစ်ခွ(၂၅)အိတ် (၅၇၄)ပိဿာအား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ- ၄၀(ခ)အရ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိ သစ်တောဌာနက သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #သစ်တောဌာ #တရားမဝင်သစ်ခွသိုလှောင်မှု
(unicode)
*******************************************


Share this post