• Follow Us on

Home ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ တရားမဝင္သစ္ခြ ပိႆာခ်ိန္ (၂၃၁) ပိႆာ သယ္ေဆာင္သူကုိ ဖမ္းဆီးအေရးယူ

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ တရားမဝင္သစ္ခြ ပိႆာခ်ိန္ (၂၃၁) ပိႆာ သယ္ေဆာင္သူကုိ ဖမ္းဆီးအေရးယူ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ-၂၄
မႏၱေလးတုိင္းေဒသၾကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ တရားမဝင္သစ္ခြ ပိႆာခ်ိန္ (၂၃၁) ပိႆာ သယ္ေဆာင္သူကုိ လုံျခံဳေရးတပ္ဖြဲ႔ဝင္မ်ားက ဖမ္းဆီးအေရးယူလုိက္သည္။
ျဖစ္စဥ္မွာ ႏုိဝင္ဘာ(၂၂)ရက္ေန႔၌ မဟာေအာင္ေျမၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ သစ္ေတာဝန္ထမ္းမ်ား၊ သစ္ေတာလုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ား၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္၊ ၁၂၄ လမ္းႏွင့္ ၆၀(D)လမ္းၾကားတြင္ ေမာ္ေတာ္ယာဥ္အမွတ္(MDY 3R/9856) TOYOTA HILUX REVO (အျဖဴေရာင္)ယာဥ္ကုိ စစ္ေဆးလုိက္သည္။
ထုိထုိ႔စစ္ေဆးရာ အဆုိပါ ယာဥ္ေပၚ၌ တရားမဝင္ေစတီသစ္ခြ (အစို)၊ ပုဇြန္သစ္ခြ(အစို)၊ ဂတုံးသစ္ခြ(အစို)၊ ပန္းႀကီးသစ္ခြ(အစို)၊ ဖေယာင္းသစ္ခြ(အစို)၊ သံခြန္သစ္ခြ(အစို)၊ လိပ္ျပာဥ (၁၃)အိတ္(၂၃၁)ပိႆာအား တရားခံ(၁)ဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
အဆုိပါ ျဖစ္စဥ္ေၾကာင့္ တရားခံကုိ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္း ေရးနယ္ေျမမ်ားကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ- ၄၀(ခ)အရ အေရးယူနိုင္ေရး သက္ဆိုင္ရာရဲစခန္းတြင္ အမႈဖြင့္လွစ္ေဆာင္႐ြက္လ်က္သည္။
#PeopleMedia #သစ္ေတာဌာန #သစ္ခြ
(unicode)
ပြည်ကြီးတံခွန်မြို့နယ်၌ တရားမဝင်သစ်ခွ ပိဿာချိန် (၂၃၁) ပိဿာ သယ်ဆောင်သူကို ဖမ်းဆီးအရေးယူ
……………………………
ရန်ကုန်၊ နိုဝင်ဘာ-၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ တရားမဝင်သစ်ခွ ပိဿာချိန် (၂၃၁) ပိဿာ သယ်ဆောင်သူကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူလိုက်သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ(၂၂)ရက်နေ့၌ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၄ လမ်းနှင့် ၆၀(D)လမ်းကြားတွင် မော်တော်ယာဉ်အမှတ်(MDY 3R/9856) TOYOTA HILUX REVO (အဖြူရောင်)ယာဉ်ကို စစ်ဆေးလိုက်သည်။
ထိုထို့စစ်ဆေးရာ အဆိုပါ ယာဉ်ပေါ်၌ တရားမဝင်စေတီသစ်ခွ (အစို)၊ ပုဇွန်သစ်ခွ(အစို)၊ ဂတုံးသစ်ခွ(အစို)၊ ပန်းကြီးသစ်ခွ(အစို)၊ ဖယောင်းသစ်ခွ(အစို)၊ သံခွန်သစ်ခွ(အစို)၊ လိပ်ပြာဥ (၁၃)အိတ်(၂၃၁)ပိဿာအား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် တရားခံကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ- ၄၀(ခ)အရ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်သည်။
#PeopleMedia #သစ်တောဌာန #သစ်ခွ


Share this post