• Follow Us on
Latest News

Home ဖားကန္႔ၿမိဳ႕နယ္မွ လူနာအမွတ္ (၁၇၁၂) ေနထိုင္ခဲ့သည့္ ေတာင္ၿပိဳေက်းရြာကို အဝင္အထြက္ ကန္႔သတ္

ဖားကန္႔ၿမိဳ႕နယ္မွ လူနာအမွတ္ (၁၇၁၂) ေနထိုင္ခဲ့သည့္ ေတာင္ၿပိဳေက်းရြာကို အဝင္အထြက္ ကန္႔သတ္

Share this post

ဖားကန္႔၊ စက္တင္ဘာ ၁၂

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္မွ ကိုဗစ္ ၁၉ အတည္ျပဳလူနာ အမွတ္ (၁၇၁၂) ေနထိုင္ခဲ့သည့္ ေအးျမသာယာရပ္ကြက္၊ ေတာင္ၿပိဳေက်းရြာကို စက္တင္ဘာလ (၁၁)ရက္ေနညမွ စတင္ကာ အဝင္အထြက္ ကန္႔သတ္လိုက္ၿပီ ျဖစ္ေၾကာင္း ေတာင္ၿပိဳၿမိဳ႕နယ္မွ တာဝန္ရွိသူထံမွ သိရသည္။

စက္တင္ဘာလ (၁၁)ရက္ေန႔က ဖားကန္႔ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈးႏွင့္ ၿမိဳ႕နယ္ ကိုဗစ္ႏိုင္တင္း ကာကြယ္တားဆီးေရးႏွင့္ အေရးေပၚတုန္႔ျပန္ေရး ေကာ္မတီမွ ေတာင္ၿပိ္ဳေက်းရြာသို႔ ကြင္းဆင္းေလ့လာကာ အဝင္အတြက္ကန္႔သတ္ႏိုင္ေရး (Lock down) အစီအစဉ္မ်ား ခ်မွတ္ခဲ့ေၾကာင္း ေတာင္ၿပိဳေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးဦးသန္းေရႊကေျပာသည္။

“ က်ေနာ္တို႔ေက်းရြာကို အုပ္ခ်ဳပ္ေရးအဖြဲေတြေကာ၊ ကိုဗစ္ အေရးေပၚတုန္႔ျပန္ေရးအဖြဲ႕ေတြေကာ ကြင္းဆင္းစစ္ေဆးခဲ့ၿပီး စက္တင္ဘာလ ၁၁ ညပိုင္းေလာက္ကစၿပီးေတာ့ Lock Down ခ်မွတ္ခဲ့ပါတယ္။ လူနာနဲ႔ ထိေတြခဲ့တဲ့သူေတြကိုလည္းစစ္ေဆးေနတယ္၊ Quarantine လဲထားထားတယ္။” ဟု ၎ကေျပာသည္။

အဆိုပါ Quarantine ထားရွိသည့္သူမ်ားကို ေထာက္ပံ့ေၾကး အျဖစ္တစ္အိမ္ေထာင္လွ်င္ ႏွစ္ ေသာင္း (၂၀၀၀၀)က်ပ္ေထာက္ပံ့ေပးၿပီး ယင္းေထာက္ ပံ့ေက်းေငြကို ၿမိဳ႕နယ္ ကိုဗစ္ႏိုင္တင္း အေရးေပၚတုန္႔ ျပန္ေရးေကာ္မတီႏွင့္ အလွဴရွင္းမ်ားစုေပါင္းကာ ေထာက္ပံ့ေပးအပ္ေၾကာင္း ဦးသန္းေရႊက ဆက္လက္ေျပာသည္။

အဆိုပါ ပိုးေတြ႕လူနာႏွင့္ ထိေတြခဲ့သည့္ ေက်းရြာအတြင္းမွာ လူဦးေရ (၂၄)ဦးခန္႔ရွိၿပီး (၄)ဦးမွာ ေရာဂါပိုးကင္းစင္ေၾကာင္း၊ က်န္ရွိေနသည့္ လူဦးေရ(၂၀)ကို ႏွာေခါင္း ၊ အာေခါင္တို႔ဖက္ နမူနာ ေပးပို႔ထားေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ့ေဆး႐ုံမွ ဆရာဝန္ႀကီး ေဒါက္တာ မင္းလြင္က ေျပာသည္။

“ က်ေနာ္တို႔ စုံစမ္းထားရသေလာက္က လက္တေလာမွာ လူဦးေရ(၂၄)ေယာက္ ရွိေနတယ္၊ အဲ့ဒီထဲမွာ (၂၀) ေယာက္ကို မေန႔က ႏွာေခါင္း ၊ အာေခါင္တို႔ဖက္ နမူနာ ေပးပို႔ထားတယ္၊ “ ဟု၎ကေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္၊ ေအးျမသာယာရပ္ကြက္ ၊ ေတာင္ၿပိဳေက်းရြာအတြင္းမွာ အိမ္ေျခေပါင္း ( ၃၀၀)ေက်ာ္ႏွင့္ လူဦးေရ (၁၈၀၀) ေက်ာ္ေနထိုင္ေၾကာင္း သိရသည္။

ေဝယံ(EPN)

ဓာတ္ပုံ – ေနာေနာ္

#PeopleMedia #EPN #COVID19 #ဖားကန္႔

(unicode)
ဖားကန့်မြို့နယ်မှ လူနာအမှတ် (၁၇၁၂) နေထိုင်ခဲ့သည့် တောင်ပြိုကျေးရွာကို အဝင်အထွက် ကန့်သတ်
………………………………………………………………

ဖားကန့်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ် ၁၉ အတည်ပြုလူနာ အမှတ် (၁၇၁၂) နေထိုင်ခဲ့သည့် အေးမြသာယာရပ်ကွက်၊ တောင်ပြိုကျေးရွာကို စက်တင်ဘာလ (၁၁)ရက်နေညမှ စတင်ကာ အဝင်အထွက် ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်း တောင်ပြိုမြို့နယ်မှ တာဝန်ရှိသူထံမှ သိရသည်။

စက်တင်ဘာလ (၁၁)ရက်နေ့က ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုးနှင့် မြို့နယ် ကိုဗစ်နိုင်တင်း ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ တောင်ပြိ်ုကျေးရွာသို့ ကွင်းဆင်းလေ့လာကာ အဝင်အတွက်ကန့်သတ်နိုင်ရေး (Lock down) အစီအစဉ်များ ချမှတ်ခဲ့ကြောင်း တောင်ပြိုကျေးရွာ အုပ်ချုပ်ရေးမှူးဦးသန်းရွှေကပြောသည်။

“ ကျနော်တို့ကျေးရွာကို အုပ်ချုပ်ရေးအဖွဲတွေကော၊ ကိုဗစ် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့တွေကော ကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၁၁ ညပိုင်းလောက်ကစပြီးတော့ Lock Down ချမှတ်ခဲ့ပါတယ်။ လူနာနဲ့ ထိတွေခဲ့တဲ့သူတွေကိုလည်းစစ်ဆေးနေတယ်၊ Quarantine လဲထားထားတယ်။” ဟု ၎င်းကပြောသည်။

အဆိုပါ Quarantine ထားရှိသည့်သူများကို ထောက်ပံ့ကြေး အဖြစ်တစ်အိမ်ထောင်လျှင် နှစ် သောင်း (၂၀၀၀၀)ကျပ်ထောက်ပံ့ပေးပြီး ယင်းထောက် ပံ့ကျေးငွေကို မြို့နယ် ကိုဗစ်နိုင်တင်း အရေးပေါ်တုန့် ပြန်ရေးကော်မတီနှင့် အလှူရှင်းများစုပေါင်းကာ ထောက်ပံ့ပေးအပ်ကြောင်း ဦးသန်းရွှေက ဆက်လက်ပြောသည်။

အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေခဲ့သည့် ကျေးရွာအတွင်းမှာ လူဦးရေ (၂၄)ဦးခန့်ရှိပြီး (၄)ဦးမှာ ရောဂါပိုးကင်းစင်ကြောင်း၊ ကျန်ရှိနေသည့် လူဦးရေ(၂၀)ကို နှာခေါင်း ၊ အာခေါင်တို့ဖက် နမူနာ ပေးပို့ထားကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ မင်းလွင်က ပြောသည်။

“ ကျနော်တို့ စုံစမ်းထားရသလောက်က လက်တလောမှာ လူဦးရေ(၂၄)ယောက် ရှိနေတယ်၊ အဲ့ဒီထဲမှာ (၂၀) ယောက်ကို မနေ့က နှာခေါင်း ၊ အာခေါင်တို့ဖက် နမူနာ ပေးပို့ထားတယ်၊ “ ဟု၎င်းကပြောသည်။

ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက် ၊ တောင်ပြိုကျေးရွာအတွင်းမှာ အိမ်ခြေပေါင်း ( ၃၀၀)ကျော်နှင့် လူဦးရေ (၁၈၀၀) ကျော်နေထိုင်ကြောင်း သိရသည်။

ဝေယံ(EPN)

ဓာတ်ပုံ – နောနော်

#PeopleMedia #EPN #COVID19 #ဖားကန့်


Share this post