• Follow Us on

Home ဘင်္ဂလားဒေ့ရှ်ထုတ် အကြီးစား ကုန်တင်သင်္ဘောနှစ်စီး အိန္ဒိယသို့ တင်ပို့


Share this post




Ref; dhakatribune


(Unicode)
ဘင်္ဂလားဒေ့ရှ်ထုတ် အကြီးစား ကုန်တင်သင်္ဘောနှစ်စီး အိန္ဒိယသို့ တင်ပို့
…………………………………………………………

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြုလုပ်တဲ့ ကုန်တင်သင်္ဘောနှစ်စီးကို အိမ်နီးချင်းအိန္ဒိယနိုင်ငံကို တင်ပို့ခဲ့ပြီဖြစ်ပါတယ်။
အကြီးစားကုန်တင်သင်္ဘောနှစ်စီးကို ဘင်္ဂလားဒေ့ရှ်က ပြီးခဲ့တဲ့ သောကြာနေ့မှာ အိန္ဒိယကုမ္ပဏီ Jindal Steel Works ကို လွှဲပြောင်းပေးခဲ့တာပါ။

ကုန်တင်သင်္ဘောနှစ်စီးလွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သင်္ဘောတည်ဆောက်လုပ်ငန်းဟာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အခုဆိုရင် ပြည်ပကို တင်ပို့ရောင်းချနိုင်နေပြီလို့ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က တည်ဆောက်တဲ့ အကြီးစားကုန်တင်သင်္ဘောနှစ်စီးကို အိန္ဒိယက သံနဲ့ ကျောက်မီးသွေး တင်ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

Ref; dhakatribune

#PeopleMedia #International


Share this post