• Follow Us on
Latest News

Home မိုးညႇင္းၿမိဳ႕နယ္တြင္ ရခိုင္ျပည္နယ္မွေရာက္ရွိလာသူ ႏွစ္ဦးႏွင့္ အိမ္ရွင္ ႏွစ္ဦး တို႔ကို သြားလာခြင့္ ကန္႔သတ္ထား

မိုးညႇင္းၿမိဳ႕နယ္တြင္ ရခိုင္ျပည္နယ္မွေရာက္ရွိလာသူ ႏွစ္ဦးႏွင့္ အိမ္ရွင္ ႏွစ္ဦး တို႔ကို သြားလာခြင့္ ကန္႔သတ္ထား

Share this post

မိုးညႇင္း၊ ဩဂုတ္ ၃၀

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ ဟဲလုံေက်းရြာအုပ္စု ေပ်ာ္ဘြယ္ေက်းရြာတြင္ ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕မွ ေရာက္ရွိလာသူ (၂)ဦးႏွင့္အိမ္ရွင္ (၂)ဦး တို႔အား တာဝန္ရွိ သူမ်ားမွ က်န္းမာေရး စစ္ေဆးခဲ့ၾကၿပီး ၎တို႔ (၄)ဦးအား သြားလာမႈကန္႔သတ္ထားေၾကာင္း သိရသည္။

ဩဂုတ္လ(၂၉)ရက္ေန႔ နံနက္(၁၀)
နာရီအခ်ိန္ခန္႔တြင္ ဟဲလုံေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးၿမိဳ႕ေမာင္၊ ရာအိမ္မွဴး ဦးခင္ေမာင္ထြန္း ဟဲလုံေက်းရြာ က်န္းမာေရး ဆရာမ ေဒၚယဉ္ျဖဴစိုးတို႔သည္ ေပ်ာ္ဘြယ္ေက်းရြာ အိမ္အမွတ္ (ပဘ/၂၅၀) ေန ဦး‌ေရႊဘ၊ ေဒၚၾကည္ၾကည္ျမတို႔၏ ေနအိမ္သို႔ ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕မွေရာက္ရွိလာၾကေသာ ဦးေက်ာ္ႏိုင္ (၄၈) ႏွစ္ ႏွင့္ ေဒၚခင္ေထြးရီ (၃၂)ႏွစ္တို႔ (၄)ဦး အား ေခၚေဆာင္၍ မိုးညႇင္းၿမိဳ႕ အေရွ႕စုရပ္ကြက္ ပုညရွင္ စကၡဳပါလေဆး႐ုံတြင္ ဖြင့္လွစ္ထားေသာ Covid 19 Quarantine Center တြင္ က်န္းမာေရး စစ္ေဆးမႈ ခံယူေစခဲ့ၾကသည္။

ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕တြင္ ေနထိုင္ေသာ ဦးေက်ာ္ႏိုင္၊ ေဒၚခင္ေထြးရီ တို႔သည္ ဩဂုတ္လ (၁၄) ရက္ေန႔တြင္ ေအာင္သစၥာ ေမာ္ေတာ္ယာဉ္ျဖင့္ ရန္ကုန္ၿမိဳ႕သို႔ ထြက္ခြါခဲ့ၾကၿပီး ဩဂုတ္လ (၂၀) ရက္ေန႔တြင္ ရန္ကုန္မွ မႏၲေလးသို႔ ဆက္လက္ထြက္ခြါခဲ့ၿပီး ဩဂုတ္လ (၂၁)ရက္ေန႔ တြင္ မႏၲေလးမွ မိုးညႇင္းၿမိဳ႕သို႔ ျမန္မာ့မီးရထားျဖင့္ လိုက္ပါလာခဲ့ရာ ဩဂုတ္လ (၂၂) ရက္ေန႔တြင္ မိုးညႇင္းၿမိဳ႕နယ္ ဟဲလုံအုပ္စု ေပ်ာ္ဘြယ္ ေက်းရြာရွိ အစ္ကို ဝမ္းကြဲေတာ္စပ္သူ ဦးေရႊဘ၏ ေနအိမ္တြင္ ေနထိုင္ခဲ့ၾကၿပီး ဩဂုတ္လ (၂၉)ရက္ေန႔တြင္ အိမ္ရွင္မ်ားျဖစ္ေသာ ဦးေရႊဘ ေဒၚၾကည္ၾကည္ျမႏွင့္ ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕မွ လာေရာက္ၾကေသာ ဦးေက်ာ္ႏိုင္ ေဒၚခင္ေထြးရီ တို႔(၄)ဦးအား မိုးညႇင္းၿမိဳ႕ Covid 19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး မွ ေဒါက္တာျဖဴေလးေဝ က ႏွာေခါင္း တို႔ဖတ္ႏွင့္အာေခါင္တို႔ဖတ္တို႔ ရယူကာ မိုးညႇင္းခ႐ိုင္ျပည္သူ့ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့သည္။

ထို႔ေနာက္ ဩဂုတ္လ(၃၀)ရက္ေန႔တြင္ မိုးညႇင္းခ႐ိုင္ေဆး႐ုံမွ တစ္ဆင့္ျမစ္ႀကီးနား ျပည္သူ့ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ဆက္လက္၍ ရန္ကုန္ၿမိဳ႕သို႔ ပို႔ေဆာင္စစ္ေဆးသြားမည္ျဖစ္ၿပီး လက္ရွိတြင္ ဦးေရႊဘ၊ ေဒၚၾကည္ၾကည္ျမ ဦးေက်ာ္ႏိုင္ ေဒၚခင္ေထြးရီ တို႔အား ေပ်ာ္ဘြယ္ရပ္ရွိ ဦးေရႊဘ ေနအိမ္၌ ျပန္လည္ ေနထိုင္ေစၿပီး သြားလာခြင့္ တားဆီးပိတ္ပင္ထားခဲ့ေၾကာင္း သိရသည္။

မဂၤလာဦး(EPN)

#PeopleMedia #မိုးညႇင္း

(unicode)
မိုးညှင်းမြို့နယ်တွင် ရခိုင်ပြည်နယ်မှရောက်ရှိလာသူ နှစ်ဦးနှင့် အိမ်ရှင် နှစ်ဦး တို့ကို သွားလာခွင့် ကန့်သတ်ထား
……………………………………………………………………………

မိုးညှင်း၊ ဩဂုတ် ၃၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စု ပျော်ဘွယ်ကျေးရွာတွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ ရောက်ရှိလာသူ (၂)ဦးနှင့်အိမ်ရှင် (၂)ဦး တို့အား တာဝန်ရှိ သူများမှ ကျန်းမာရေး စစ်ဆေးခဲ့ကြပြီး ၎င်းတို့ (၄)ဦးအား သွားလာမှုကန့်သတ်ထားကြောင်း သိရသည်။

ဩဂုတ်လ(၂၉)ရက်နေ့ နံနက်(၁၀)
နာရီအချိန်ခန့်တွင် ဟဲလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြို့မောင်၊ ရာအိမ်မှူး ဦးခင်မောင်ထွန်း ဟဲလုံကျေးရွာ ကျန်းမာရေး ဆရာမ ဒေါ်ယဉ်ဖြူစိုးတို့သည် ပျော်ဘွယ်ကျေးရွာ အိမ်အမှတ် (ပဘ/၂၅၀) နေ ဦး‌ရွှေဘ၊ ဒေါ်ကြည်ကြည်မြတို့၏ နေအိမ်သို့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှရောက်ရှိလာကြသော ဦးကျော်နိုင် (၄၈) နှစ် နှင့် ဒေါ်ခင်ထွေးရီ (၃၂)နှစ်တို့ (၄)ဦး အား ခေါ်ဆောင်၍ မိုးညှင်းမြို့ အရှေ့စုရပ်ကွက် ပုညရှင် စက္ခုပါလဆေးရုံတွင် ဖွင့်လှစ်ထားသော Covid 19 Quarantine Center တွင် ကျန်းမာရေး စစ်ဆေးမှု ခံယူစေခဲ့ကြသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် နေထိုင်သော ဦးကျော်နိုင်၊ ဒေါ်ခင်ထွေးရီ တို့သည် ဩဂုတ်လ (၁၄) ရက်နေ့တွင် အောင်သစ္စာ မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ ထွက်ခွါခဲ့ကြပြီး ဩဂုတ်လ (၂၀) ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ ဆက်လက်ထွက်ခွါခဲ့ပြီး ဩဂုတ်လ (၂၁)ရက်နေ့ တွင် မန္တလေးမှ မိုးညှင်းမြို့သို့ မြန်မာ့မီးရထားဖြင့် လိုက်ပါလာခဲ့ရာ ဩဂုတ်လ (၂၂) ရက်နေ့တွင် မိုးညှင်းမြို့နယ် ဟဲလုံအုပ်စု ပျော်ဘွယ် ကျေးရွာရှိ အစ်ကို ဝမ်းကွဲတော်စပ်သူ ဦးရွှေဘ၏ နေအိမ်တွင် နေထိုင်ခဲ့ကြပြီး ဩဂုတ်လ (၂၉)ရက်နေ့တွင် အိမ်ရှင်များဖြစ်သော ဦးရွှေဘ ဒေါ်ကြည်ကြည်မြနှင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ လာရောက်ကြသော ဦးကျော်နိုင် ဒေါ်ခင်ထွေးရီ တို့(၄)ဦးအား မိုးညှင်းမြို့ Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေး မှ ဒေါက်တာဖြူလေးဝေ က နှာခေါင်း တို့ဖတ်နှင့်အာခေါင်တို့ဖတ်တို့ ရယူကာ မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ထို့နောက် ဩဂုတ်လ(၃၀)ရက်နေ့တွင် မိုးညှင်းခရိုင်ဆေးရုံမှ တစ်ဆင့်မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆက်လက်၍ ရန်ကုန်မြို့သို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ဦးရွှေဘ၊ ဒေါ်ကြည်ကြည်မြ ဦးကျော်နိုင် ဒေါ်ခင်ထွေးရီ တို့အား ပျော်ဘွယ်ရပ်ရှိ ဦးရွှေဘ နေအိမ်၌ ပြန်လည် နေထိုင်စေပြီး သွားလာခွင့် တားဆီးပိတ်ပင်ထားခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး(EPN)

#PeopleMedia #မိုးညှင်း


Share this post