• Follow Us on
Latest News

Home UEC၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အမေရိကန်အစိုးရမှ ဒေါ်လာ ၄၆ သန်းကျော် ထောက်ပံ့


Share this post

ရန်ကုန်၊ သြဂုတ် – ၃၁

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၊ အရပ်ဘက်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အမေရိကန်အစိုးရမှ ဒေါ်လာ(၄၆)သန်းကျော် ထောက်ပံ့ကူညီထားကြောင်း သြဂုတ်လ(၃၁)ရက်နေ့၌  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

 


 


 


 

(unicode)

UEC၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အမေရိကန်အစိုးရမှ ဒေါ်လာ ၄၆ သန်းကျော် ထောက်ပံ့

…………………………………………………………………

 

ရန်ကုန်၊ ဩဂုတ် – ၃၁

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၊ အရပ်ဘက်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အမေရိကန်အစိုးရမှ ဒေါ်လာ(၄၆)သန်းကျော် ထောက်ပံ့ကူညီထားကြောင်း ဩဂုတ်လ(၃၁)ရက်နေ့၌  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်၌ ပြန်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများနှင့် သံရုံးယာယီတာဝန်ခံ ဂျော့ခ်ျဆစ်ဘလီတို့သည် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သော ရွေးကောက်ပွဲက အရေးကြီးသည့် အကြောင်းအရာများနှင့် အများလက်ခံ၍ ယုံကြည်ရသော ရွေးကောက်ပွဲ စောင့်ကြည့်မှုသည် အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်ဟူ၍ ဖော်ပြထားသည်။

 

အလားတူ ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ (၄၆)သန်းကျော် ကူညီပံ့ပိုးထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

#PeopleMedia #2020election #USEmbassyRangoon #UEC


Share this post