• Follow Us on

Home မီးကုန်ယမ်းကုန်တိုက်ခိုက်သိမ်းပိုက်ခြင်းနှင့် တဖြည်းဖြည်းဝါးမျိုသိမ်းပိုက်ခြင်း နည်းလမ်းနှစ်ရပ် ပူတင် ရွေး ချယ်နိုင်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးပြော

မီးကုန်ယမ်းကုန်တိုက်ခိုက်သိမ်းပိုက်ခြင်းနှင့် တဖြည်းဖြည်းဝါးမျိုသိမ်းပိုက်ခြင်း နည်းလမ်းနှစ်ရပ် ပူတင် ရွေး ချယ်နိုင်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇ (People Media)

 

ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရန် ဆုံးဖြတ်မည်ဆိုပါက ယူကရိန်းနယ်စပ် တွင်တပ်ဖြန့်ထားသော အင်အား ၁၂၀,၀၀၀ အပါအဝင် ၎င်းစိတ်ကြိုက်အသုံးပြုနိုင်ရန် ရုရှားတပ်ဖွဲ့ဝင်အင်အား ၂၂၀,၀၀၀ ဝန်းကျင် လိုအပ်မည်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးက Military Times ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းကပြောကြားလိုက်သည်။

 

သို့သော် ယူကရိန်းနိုင်ငံကို တိုက်ရန် ဆုံးဖြတ်ချက် ချ/မချကို မသိရသေးကြောင်၊ ပူတင်လုပ်ဆောင်နိုင်သည်မှာ ရှိသမျှအင်အားကုန်သုံးပြီး မီးကုန်ယမ်းကုန်တိုက်ခိုက်၍ ချက်ချင်းဝင်ရောက်သိမ်းပိုက်ခြင်းမျိုလုပ်ဆောင်နိုင်သ လို  တဖြည်းဖြည်းမသိမသာတစ်ဆင့်ချင်းလည်းသိမ်းပိုက်သွားနိုင်ကြောင်း ၎င်းကပြောသည်။

 

“အချက်အလက်တွေကနေသိရတာကတော့ ယူကရိန်းကိုဝင်ရောက်ကျူးကျော်ဖို့ ပူတင် ဆုံးဖြတ်ချက်မချရသေး ပါဘူး။ အကြောင်းအမျိုးမျိုးပေါ် မူတည်မယ်ထင်ပါတယ်။” ဟု ၎င်းကပြောသည်။

 

ပူတင်အနေဖြင့် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန် ဆုံးဖြတ်ချက်မချမီ ယူကရိန်းနိုင်ငံတွင်းရှိ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ ယူကရိန်းနိုင်ငံကိုထောက်ပံ့မှုများ၊ ကမ္ဘာ့ခေါင်းဆောင် နိုင်ငံများ၏ ပြင်းထန်သောတုံ့ပြန်မှုများ (ပြင်းထန်သောစီးပွားရေးပိတ်ဆို့မှုများနှင့် စစ်ရေးအရအရေးယူဆောင် ရွက်မှုများအပါအဝင်) နှင့် ရုရှားနိုင်ငံ၏ အခြေအနေများကို ထည့်သွင်းတွက်ချက် စဉ်းစားလိမ့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးကပြောသည်။

 

သမ္မတဂျိုးဘိုင်ဒန်က ရုရှားသမ္မတပူတင်နှင့် ယူကရိန်းသမ္မတဗိုလိုဒီမာဇာလန်စကီးတို့နှစ်ဦးစလုံးကို အခြေအနေ ကိုအေးဆေးစွာဖြေရှင်းကြရန် ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပါက ပြင်းထန် ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်များကို တွေ့ကြုံခံစားရမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒန်ကပြောသော် လည်း ယင်းကျူးကျော်မှုမျိုးကို မောင်းထုတ်ရန် အမေရိကန်တပ်များကို အဆိုပါဒေသသို့ တပ်ဖြန့်ချထားမည် မဟုတ်ကြောင်း ပြောသည်။ အခြားအနောက်အုပ်စုခေါင်းဆောင်များကလည်း ဂျိုးဘိုင်ဒန်လေသံအတိုင်းလိုက် ပြောကြသည်။

 

ရုရှားနိုင်ငံက ယူကရိန်းကိုတိုက်ခိုက်မည်ဆိုပါက ယူကရိန်းနယ်စပ်တွင်တပ်ဖြန့်ထားသော ရုရှားစစ်သည် အင် အား ၁၂၀၀၀၀ အပြင် လေကြောင်းချီတပ်များအပြင် ရုရှားနိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်း စစ်ဒေသများမှ တပ်ဖွဲ့ဝင်များကိုပါ စေလွှတ်သွားမည်ဖြစ်ကြောင်း ဆန်းစစ်လေ့လာသူများကပြောသည်။

 

“တကယ်လို့ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မယ်ဆိုရင် ရုရှားတပ်ဖွဲ့ဝင် ၂၂၀,၀၀၀ အထိ အသုံးပြုလာပါလိမ့် မယ်။” ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးကပြောသည်။

 

ယင်းကိစ္စနှင့်ပတ်သက်၍ ရုရှားသံရုံးက တုံ့ပြန်ဖြေကြားခြင်းမရှိပေ။ သို့သော် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက် ခိုက်ရန် ပြင်ဆင်နေသည်ဆိုသည့်စွပ်စွဲချက်ကို ရုရှားသမ္မတပူတင်က ငြင်းဆိုလိုက်ပြီး ရုရှားလုံခြုံရေးနှင့် ပတ် သက်၍ တရားဝင်အာမခံချက်ရရှိရန် အနောက်အုပ်စုနှင့် ဆွေးနွေးလိုကြောင်းပြောဆိုခဲ့သည်။

 

ယူကရိန်းနိုင်ငံသားများ စိတ်ဓာတ်ရေးရာမြင့်တက်နေစဉ်အတွင်းမှာပင် အခြေအနေများ မည်မျှပင်ဆိုးရွားလာ နိုင်သည်ဖြစ်စေ ယူကရိန်းနိုင်ငံအနေဖြင့် ထင်ယောင်ထင်မှားဖြစ်နေမည်မဟုတ်ကြောင်း ယူကရိန်းကာကွယ် ရေးဝန်ကြီးကပြောသည်။

 

“ရုရှားခေါင်းဆောင်တွေဟာ စစ်ပွဲကိုရှောင်ရှားနိုင်မယ့် အသိဉာဏ်ရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အ ပြန်အလှန်အားဖြင့်ပြောရရင် အဖြစ်နိုင်ဆုံးသောအနာဂတ်ခန့်မှန်းခြေတစ်ခုကတော့ ယူကရိန်းကို တဖြည်းဖြည်း  ဝါးမျိုသိမ်းပိုက်သွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ။” ဟု ၎င်းကပြောသည်။

 

Ref: All-out war or ‘creeping occupation’ among Putin options, says Ukraine MoD

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: All-out war or ‘creeping occupation’ among Putin options, says Ukraine MoD

 

#PeopleMedia


Share this post