• Follow Us on
Latest News

Home မကွေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၈၀၀) ကျော်အား တပ်မတော်နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများဆက်လက်ဆောင်ရွက်

မကွေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၈၀၀) ကျော်အား တပ်မတော်နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများဆက်လက်ဆောင်ရွက်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၈၀၆ ဦးကို ယမန်နေ့တွင် တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့မှ မိကျောင်းရဲကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၃၀ ဦး၊ ခွဲစိတ်ရောဂါ ၇၆ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၀ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၁၇၃ ဦး၊ သွားရောဂါ ၃၆ ဦးနှင့် အထွေထွေရောဂါ ၃၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့သည်။

 

ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၈ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၅ ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများဆောင်ရွက် ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၇၀ ဦး၊ Ultrasound ဖြင့် စမ်းသပ် စစ်ဆေးလူနာ ၅၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၅၈ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၅၁ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်း ယာဉ်တို့ဖြင့် ရောဂါ ရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၂၇ ဦးအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

 

၎င်းအပြင် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား စားရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

#PeopleMedia


Share this post