• Follow Us on
Latest News

Home မလေးရှားနိုင်ငံထိန်းသိမ်းရေးစခန်းတွင်ဒုက္ခရောက်နေသည့် မြန်မာ (၁၅၀) ဦးအား မြန်မာနိုင်ငံသို့ အခမဲ့ပြန် လည်ပို့ဆောင်

မလေးရှားနိုင်ငံထိန်းသိမ်းရေးစခန်းတွင်ဒုက္ခရောက်နေသည့် မြန်မာ (၁၅၀) ဦးအား မြန်မာနိုင်ငံသို့ အခမဲ့ပြန် လည်ပို့ဆောင်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၇

 

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား (၁၅၀) ဦးအား ယမန်နေ့ က ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ အခမဲ့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ ထုတ် ပြန်ထားသည်။

 

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းအသီးသီးတွင် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးထိန်း သိမ်းခံထားရသည့် နှစ်ကာလကြာမြင့်နေသည့် မြန်မာနိုင်ငံသားများနှင့်မိသားစုနှင့် အဆက်သွယ်ပြတ်ကာ ထိန်း သိမ်းရေးစခန်းတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ရှိ သူများနှင့် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ မလေးရှားနိုင်ငံအစိုးရမှ စီစဉ် ပေးသည့် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ အခမဲ့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 

#PeopleMedia


Share this post