• Follow Us on

Home မြန်မာ-ရုရှားဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာ-ရုရှားဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၇

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ယမန်နေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အစည်းအဝေးများ၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရုရှား – မြန်မာ ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ဆက်စပ်အစည်းအဝေးများကို ကျင်းပခဲ့ရာ ဘဏ်အချင်းချင်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အလားအလာ (On prospects for interbank cooperation) နှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ Mr. Alexey Guznov နှင့် ရုရှားနိုင်ငံ၏ အမျိုးသားငွေပေးချေမှုကတ် ကုမ္ပဏီမှဥက္ကဋ္ဌ Mr. Vladimir Komlev တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ ယင်းဆွေးနွေးချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြန်လည်သုံးသပ်ဆွေးနွေးသည်။

 

ဆက်လက်ပြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understan-ding on bilateral cooperation between the Bank of Russia and the Central Bank of the Republic of the Union of Myanmar) ကို နှစ်နိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ထိုနောက် နှစ်နိုင်ငံ ဗဟိုဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ကျင်းပသည့် စကားဝိုင်းဆွေး နွေးပွဲ (Round-table “Banks and Finance”) တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဒေါက်တာလင်း အောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ရုရှားနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Mr. Alexey Guznov တို့က အမှာစကားများ ပြောကြားကြပြီး နှစ်နိုင်ငံဗဟိုဘဏ်များနှင့် ငွေရေး ကြေးရေး အဖွဲ့အစည်းများက ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post