• Follow Us on
Latest News

Home မြန်မာ့တပ်မတော်သား ၈၃ ဦး အိန္ဒိယနိုင်ငံထဲသို့ ဝင်ရောက်လာ

မြန်မာ့တပ်မတော်သား ၈၃ ဦး အိန္ဒိယနိုင်ငံထဲသို့ ဝင်ရောက်လာ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀

 

မြန်မာတပ်မတော်က တပ်ဖွဲ့ဝင် ၈၃ ဦး ဝန်းကျင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာခဲ့ကြောင်း အိန္ဒိယနိုင်ငံ United News of India မီဒီယာက သောကြာနေ့ (ဒီဇင်ဘာလ ၂၉ ရက်နေ့) က ရေးသားဖော်ပြ လိုက်ပါတယ်။

 

မြန်မာ့တပ်မတော်သားတွေဟာ ၎င်းတို့တပ်စခန်းကို စွန့်ခွာပြီး မီဇိုရမ်ပြည်နယ်တောင်ဘက်စွန်း လောင်တလိုင်း ခရိုင်၊ တိုင်ဆွန်းတလန်ရွာထဲကို လက်နက်တွေနဲ့အတူ ဝင်ရောက်လာခဲ့တာဖြစ်ကြောင်း အိန္ဒိယနယ်ခြားစောင့် တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်ရင်းက အရာရှိတစ်ဦးက ပြောပါတယ်။

 

အိန္ဒိယနိုင်ငံ ပရာဗာကျေးရွာအနီးရှိ မြန်မာ့တပ်မတော်တပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ ချင်းအမျိုးသားတပ်မတော် CNA ပူးပေါင်းသူပုန်အဖွဲ့က ကြာသပတေးနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကနဦးစစ်ဆေးချက်တွေအရသိရပါတယ်။

 

ကျဆုံးသွားတဲ့စခန်းကနေ ထွက်ခွာလာတဲ့ မြန်မာ့တပ်မတော်သား ၈၃ ဦးဟာ နိုင်ငံတကာနယ်စပ်မှတ်တိုင် အမှတ် ၂ နဲ့ အမှတ် ၄ မှတ်တိုင်တွေကို ဖြတ်သန်းပြီး တိုင်ဆွန်းတလန်ရွာထဲကို ဝင်ရောက်လာတာဖြစ်ပြီး နောက်ထပ် မြန်မာတပ်ဖွဲ့ဝင်တွေ ထပ်မံရောက်ရှိလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

 

မြန်မာတပ်ဖွဲ့ဝင်တွေကို လောင်တလိုင်းခရိုင်ရဲတပ်ဖွဲ့က ဗရာဗာကျေးရွာရှိ အာသံရိုင်ဖယ်တပ်ရင်းထံ လွှဲပြောင်း ပေးခဲ့ပြီး မြန်မာနိုင်ငံထဲကို ပြန်လည်ပို့ဆောင်ပေးရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

 

မဏိပူရပြည်နယ်၊ မိုရေးမြို့ဆီသို့ ယခင်အကြိမ်များကဲ့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ကာ မြန်မာစစ်တပ်အာဏာ ပိုင်များထံ ပြန်လည်အပ်နှံမည်ဟု ဆိုသည်။

 

အဲဒီမြန်မာတပ်ဖွဲ့ဝင်တွေကို အရင်အခေါက်တွေတုန်းက မြန်မာတပ်ဖွဲ့ဝင်တွေလိုပဲ အိန္ဒိယနိုင်ငံ မိုရေးမြို့ကို ရဟတ်ယာဉ်နဲ့ပို့ဆောင်ပြီး မြန်မာအာဏာပိုင်တွေထံ ပြန်လည်အပ်နှံသွားမယ်လို့ ဆိုပါတယ်။

 

မြန်မာတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာတာ အခုတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်ရှိပြီလို့ သိရပါတယ်။

 

နိုဝင်ဘာလ ၁၃ ရက်နေ့က ပထမအကြိမ်အဖြစ် မြန်မာတပ်ဖွဲ့ဝင် ၄၅ ဦး၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ဒုတိယ အကြိမ်အဖြစ် မြန်မာတပ်ဖွဲ့ဝင် ၂၉ ဦး၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တတိယအကြိမ်အဖြစ် မြန်မာတပ်ဖွဲ့ဝင် ၃၀ ဦး၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က စတုတ္ထအကြိမ်အဖြစ် မြန်မာတပ်ဖွဲ့ဝင် ၈၃ ဦး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ကို ဝင်ရောက်လာခဲ့ပါတယ်။

 

Ref: 83 Myanmar soldiers entered Mizoram: United News of India

 

#PeopleMedia


Share this post