• Follow Us on
Latest News

Home ယူကရိန်းစစ်ရှုံးသွားရင် အမေရိကန်က ရုရှားစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်လာနိုင်ကြောင်း ဘိုင်ဒန် သတိပေး

ယူကရိန်းစစ်ရှုံးသွားရင် အမေရိကန်က ရုရှားစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်လာနိုင်ကြောင်း ဘိုင်ဒန် သတိပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀

 

ယူကရိန်းစစ်ပွဲမှာ ရုရှားအနိုင်ရသွားခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားနဲ့ ထိပ်တိုက်တွေ့ရမယ့်စစ်ပွဲထဲ ကို ဝင်ရောက်လာရမယ့် အန္တရာယ်ရှိနေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတိပေးလိုက်ပါတယ်။

 

သောကြာနေ့က ယူကရိန်းနိုင်ငံတစ်ဝန်း ရုရှားက လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် မှာ အခုလို ဂျိုးဘိုင်ဒန်ရဲ့ ပြောကြားချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ရုရှားတွေဟာ လေကြောင်းကနေ ဒုံးကျည် အစင်း ၁၁၀ ဝန်းကျင်ပစ်ခတ်ခဲ့ပြီး အဲဒီဒုံးကျည်တွေဟာ ဆေးရုံတွေ၊ လူနေအိမ်တွေနဲ့ ဈေးဝယ်စင်တာတစ်ခုကို ထိမှန်ခဲ့ကြောင်း ယူကရိန်းလေတပ် အရာရှိတွေက ပြောပါတယ်။ ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံသား ၃၁ ဦးသေဆုံးခဲ့ပြီး ၁၂၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ ကြောင်း ယူကရိန်းအရာရှိတွေက ပြောပါတယ်။

 

“စစ်ပွဲစတင်ကတည်းက ရုရှားနိုင်ငံက ၎င်းတို့ရဲ့အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုကို တစ်ညတည်းမှာပဲ ဆောင်ရွက်ခဲ့တာပါ။” လို့ ဘိုင်ဒန်က သောကြာနေ့က ထုတ်ပြန်ကြေညာချက်မှာ ပြောပါတယ်။

 

“ဒါဟာ စစ်ပွဲနှစ်နှစ်နီးပါးကြာမြင့်ပြီးတဲ့အထိ ပူတင်ရဲ့ရည်ရွယ်ချက် မပြောင်းလဲဘူးဆိုတာ ကမ္ဘာကြီးကို ရှင်း ရှင်းလင်းလင်း သတိပေးလိုက်တာဖြစ်ပါတယ်။ သူဟာ ယူကရိန်းနိုင်ငံကို အပြီးတိုင်ရှင်းလင်းသုတ်သင်ပြီး ယူက ရိန်းပြည်သူတွေကို သူ့လက်အောက်ခံဖြစ်လာအောင် သွပ်သွင်းဖို့ ကြိုးပမ်းနေတာပါ။ ဒါ့ကြောင့် သူ့ကိုတားဆီးရ မှာဖြစ်ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

၂၂ လ ကြာမြင့်လာတဲ့စစ်ပွဲအတွင်း ရုရှားနိုင်ငံနဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေ ဒေါ်လာဘီလျံနဲ့ချီပြီး ပေး နေတဲ့ နေတိုးမဟာမိတ်နိုင်ငံတွေကြား တင်းမာမှုတွေက ပိုမိုမြင့်တက်လာပါတယ်။

 

ဒါပေမဲ့ ယူကရိန်းကိုနောက်ထပ်ကူညီဖို့ဘတ်ဂျက်တွေကို ရီပတ်ဘလီကန်တွေက ဟန့်တားပိတ်ဆို့ထားတဲ့အ တွက် အမေရိကန်လိုနိုင်ငံမျိုးတွေကအစ ယူကရိန်းနိုင်ငံကို ထောက်ပံ့မှုတွေ စတင်အားနည်းလာပြီဖြစ်ပါတယ်။

 

အမေရိကန်ကထောက်ပံ့ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကြောင့် ယူကရိန်းနိုင်ငံဟာ ရုရှားဒုံး ကျည်နဲ့ ဒရုန်းအမြောက်အများကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ဘိုင်ဒန်က သောကြာနေ့က ပြောပါတယ်။

 

ဒါပေမဲ့ လာမယ့်နှစ်သစ်မှာ ကွန်ဂရက်လွှတ်တော်အမတ်တွေက ယူကရိန်းကိုထောက်ပံ့မယ့်အရေး အဆော တလျင် မဆောင်ရွက်ဘူးဆိုရင် အမေရိကန်အနေနဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ အရေးကြီးတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ယူကရိန်းကို ပို့ပေးနိုင်မှာ မဟုတ်တော့ဘူးလို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းကို အကူအညီမပေးတော့ဘူးဆိုရင် နေတိုးမဟာမိတ်နိုင်ငံတွေနဲ့အတူ နောက်ဆက်တွဲအနေနဲ့ အမေရိ ကန်အတွက်ပါ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာမှာဖြစ်ကြောင်း ရီပတ်ဘလီကန်တွေကို ဂျိုင်းဘိုင်ဒန်က သတိပေး ထားခဲ့ပြီးဖြစ်ပါတယ်။

 

အိမ်ဖြူတော်ရဲ့ ယူကရိန်းအတွက် နောက်ဆုံးအကူအညီဟာ ဒေါ်လာ သန်း ၂၅၀ တန် စစ်လက်နက်ပစ္စည်းတွေ ဖြစ်ကြောင်း အခုသီတင်းပတ်အတွင်း ကြေညာခဲ့ပါတယ်။

 

“ဒီစစ်ပွဲအဆင့်တွေဟာ ယူကရိန်းနိုင်ငံရဲ့ ပြင်ပအထိ ကျော်လွန်ရောက်ရှိလာနိုင်ပါတယ်။ နေတိုးမဟာမိတ်နိုင်ငံ တွေအားလုံးအပြင် ဥရောပနဲ့ အတ္တလန်တိတ်တစ်ဖက်ကမ်းအထိ ခြိမ်းခြောက်လာနိုင်ပါတယ်။” လို့ ဘိုင်ဒန်က သောကြာနေ့က ထပ်မံပြောကြားပါတယ်။

 

“ဥရောပတစ်ခွင်မှာ ဆိုးရွားပြင်းထန်စွာလုပ်ချင်တိုင်းလုပ်ဖို့ အာဏာရှင်တွေကို ခွင့်ပြုလိုက်မယ်ဆိုရင် အမေရိ ကန်ပြည်ထောင်စုအနေနဲ့ စစ်ပွဲထဲကို တိုက်ရိုက်ဝင်ပါရမယ့် အန္တရာယ်နဲ့ ပိုမိုနီးကပ်လာပါတယ်။ နောက်ဆက် တွဲဆိုးကျိုးတွေကလည်း ကမ္ဘာတစ်ဝန်း ဂယက်ရိုက်လာမှာဖြစ်တယ်။ ကျွန်တော်တို့မဟာမိတ်နိုင်ငံတွေနဲ့ မိတ် ဖက်နိုင်ငံတွေ ကျဆုံးသွားမှာကို ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး။ ယူကရိန်းကျဆုံးသွားမှာကို ခွင့်မပြုနိုင်ပါဘူး။ လွတ်လပ်မှုရဲ့ခေါ်သံကို တုံ့ပြန်ဖို့ ပျက်ကွက်သူတွေကို သမိုင်းက ပြင်းထန်ဆိုးရွာစွာ စီရင်ချက်ချပါလိမ့်မယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

Ref: Biden Warns US Military May Get Pulled Into Direct Conflict with Russia

 

#PeopleMedia


Share this post