• Follow Us on
Latest News

Home မႏၲေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္႐ုံးစာေရးဝန္ထမ္းအမ်ိဳးသမီးတြင္ ကိုဗစ္ပိုးေတြ႕ရွိ၍ စစ္ေဆးရာ ၆ ဦး တြင္ ပိုးထပ္မံေတြ႕ရွိ

မႏၲေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္႐ုံးစာေရးဝန္ထမ္းအမ်ိဳးသမီးတြင္ ကိုဗစ္ပိုးေတြ႕ရွိ၍ စစ္ေဆးရာ ၆ ဦး တြင္ ပိုးထပ္မံေတြ႕ရွိ

Share this post

ရန္ကုန္၊ နို၀င္ဘာ ၁၆

မႏၲေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္႐ုံးစာေရးဝန္ထမ္းအမ်ိဳးသမီးတြင္ ကိုဗစ္ပိုးေတြ႕ရွိ၍ တစ္႐ုံးလုံးစစ္ ေဆးရာ ၆ ဦးတြင္ ပိုးထပ္မံေတြ႕ရွိေၾကာင္း မႏၲေလးတိုင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးရွိန္၀င္း ကေျပာသည္။

မႏၲေလးတိုင္းေရြးေကာက္ပြဲေကာ္မရွင္႐ုံးတြင္ COVID-19 စစ္ေဆးရာ တစ္႐ုံးလုံးတြင္ ဥကၠ႒ႏွင့္ ဦးစီးအရာရွိ တစ္ေယာက္သာလြတ္ေၾကာင္း ၎ကဆိုသည္။

“မေန႔က ၁၅ ရက္ေန႔မွာေတာ့ ကၽြန္ေတာ္တို႔ ႐ုံးအေပၚထပ္ စာရင္းစစ္ေတြေနတဲ့႐ုံံးနဲ႔ ကၽြန္ေတာ္ေအာက္က ပရိုဂ်ဴဆာ႐ုံး မဲစာရင္းအတင္အခ်လုပ္ေပးတဲ့ စာေရးမေလးက မေန႔ကစၿပီးေတာ့ ဖ်ားေတာ့ စစ္လိုက္ေတာ့ သူက Positive ျဖစ္ေနတယ္။ သူျဖစ္ေတာ့ သံသယရွိလို႔ဆိုၿပီး ဒီေန႔ၾကေတာ့ ဝန္ႀကီးခ်ဳပ္ကိုေျပာၿပီးေတာ့ တစ္႐ုံးစစ္လိုက္တာပါ။ ေနာက္ထပ္ ၆ ေယာက္ထပ္ျဖစ္တာေပါ့။ ဥကၠ႒နဲ႔ ဦးစီးအရာရွိတစ္ေယာက္ပဲလြတ္တယ္” ဟု ဦးရွိန္၀င္းကေျပာသည္။

ေရြးေကာက္ပြဲ မဲစာရင္းမ်ားေပါင္းရန္စာရင္းစစ္႐ုံးမွ၀န္ထမ္း ၄ ဦးလႊဲေပးသည့္အထဲမွာ ၁၃ ရက္ေန႔တြင္စာရင္း စစ္တစ္ေယာက္စတင္ဖ်ားၿပီး စစ္ေဆးရာ ကိုဗစ္ positive ျဖစ္ၿပီး ကူးစက္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

လက္ရွိအခ်ိန္တြင္ ပို႔ေတြ႕ရွိသူ ၆ ဦးအား အလုပ္သမားေဆး႐ုံသို႔ပို႔ေဆာင္ကုသေပးထားၿပီးတိုင္း ေကာ္မရွင္အ ဖြဲ႕ခြဲ႐ုံးအား ပိတ္ထားေၾကာင္းသိရသည္။

#PeopleMedia #UEC #COVID

(unicode)
မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးစာရေးဝန်ထမ်းအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိ၍ စစ်ဆေးရာ ၆ ဦး တွင် ပိုးထပ်မံတွေ့ရှိ
……………………………………………………….

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးစာရေးဝန်ထမ်းအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိ၍ တစ်ရုံးလုံးစစ် ဆေးရာ ၆ ဦးတွင် ပိုးထပ်မံတွေ့ရှိကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်း ကပြောသည်။

မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးတွင် COVID-19 စစ်ဆေးရာ တစ်ရုံးလုံးတွင် ဥက္ကဋ္ဌနှင့် ဦးစီးအရာရှိ တစ်ယောက်သာလွတ်ကြောင်း ၎င်းကဆိုသည်။

“မနေ့က ၁၅ ရက်နေ့မှာတော့ ကျွန်တော်တို့ ရုံးအပေါ်ထပ် စာရင်းစစ်တွေနေတဲ့ရုံံးနဲ့ ကျွန်တော်အောက်က ပရိုဂျူဆာရုံး မဲစာရင်းအတင်အချလုပ်ပေးတဲ့ စာရေးမလေးက မနေ့ကစပြီးတော့ ဖျားတော့ စစ်လိုက်တော့ သူက Positive ဖြစ်နေတယ်။ သူဖြစ်တော့ သံသယရှိလို့ဆိုပြီး ဒီနေ့ကြတော့ ဝန်ကြီးချုပ်ကိုပြောပြီးတော့ တစ်ရုံးစစ်လိုက်တာပါ။ နောက်ထပ် ၆ ယောက်ထပ်ဖြစ်တာပေါ့။ ဥက္ကဋ္ဌနဲ့ ဦးစီးအရာရှိတစ်ယောက်ပဲလွတ်တယ်” ဟု ဦးရှိန်ဝင်းကပြောသည်။

ရွေးကောက်ပွဲ မဲစာရင်းများပေါင်းရန်စာရင်းစစ်ရုံးမှဝန်ထမ်း ၄ ဦးလွှဲပေးသည့်အထဲမှာ ၁၃ ရက်နေ့တွင်စာရင်း စစ်တစ်ယောက်စတင်ဖျားပြီး စစ်ဆေးရာ ကိုဗစ် positive ဖြစ်ပြီး ကူးစက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ပို့တွေ့ရှိသူ ၆ ဦးအား အလုပ်သမားဆေးရုံသို့ပို့ဆောင်ကုသပေးထားပြီးတိုင်း ကော်မရှင်အ ဖွဲ့ခွဲရုံးအား ပိတ်ထားကြောင်းသိရသည်။

#PeopleMedia #UEC #COVID


Share this post