• Follow Us on

Home ယူကရိန်းလက်ဖြောင့်တပ်သားလက်ချက်နဲ့ ရုရှားဗိုလ်မှူးချုပ်တစ်ဦး ကျဆုံးဟုဆို

ယူကရိန်းလက်ဖြောင့်တပ်သားလက်ချက်နဲ့ ရုရှားဗိုလ်မှူးချုပ်တစ်ဦး ကျဆုံးဟုဆို

Share this post

Open photo

Open photo

နိုင်ငံတကာ၊ မတ် ၄ (People Media)

 

ရုရှားစစ်တပ်က ဗိုလ်မှူးချုပ်တစ်ဦး ယူကရိန်းလက်ဖြောင့်တပ်သားလက်ချက်နဲ့ မတ်လ ၂ ရက်နေ့က ကျဆုံး သွားကြောင်း နိုင်ငံတကာသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

 

ကျဆုံးသွားတဲ့ ဗိုလ်မှူးချုပ် အန်ဒရီဆူခါဗက်စကီဟာ ရုရှားဗဟိုစစ်ခရိုင် လက်နက်ကိုင်တပ်ပေါင်းစုအဖွဲ့ရဲ့ ဒုတိယအကြီးအကဲတစ်ယောက်ဖြစ်ပါတယ်။

 

မတ်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဖြစ်စဉ်အတွင်းမှာ ဗိုလ်မှူး ချုပ် အန်ဒရီဆူခါဗက်စကီ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

 

ဗိုလ်မှူးချုပ်အန်ဒရီဆူခါဗက်စကီ ကျဆုံးမှုနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံက အတည်ပြပြောကြားခြင်းမရှိပေမဲ့ လုပ် ဖော်ကိုင်ဖက်ဖြစ်သူ ရုရှားလေကြောင်းချီတပ်မက ဆာဂျီချီပဲလ်ယက်ဗ်က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ အန်ဒရီဆူ ခါဗက်စကီကျဆုံးတဲ့အကြောင်းကိုတင်ထားပါတယ်။

 

“အလွန်ကြေကွဲဖွယ်ကောင်းစွာပဲ ယူကရိန်းနိုင်ငံမှာပြုလုပ်နေတဲ့ အထူးစစ်ဆင်ရေးအတွင်းမှာ ကျွန်တော်တို့ မိတ်ဆွေကြီး ဗိုလ်မှူးချုပ် အန်ဒရီအဲလိက်ဆန်းဒရားဗစ်ချ်ဆူခါဗက်စကီ ကျဆုံးသွားတဲ့သတင်းကို ကျွန်တော် တို့ သိရှိလိုက်ရပါတယ်။ မိသားစုနဲ့အတူ အလွန်ဝမ်းနည်းကြွေကွဲမိပါကြောင်း ပြောလိုပါတယ်။” လို့ ဆာဂျီချီပဲလ် ယက်ဗ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

ဗိုလ်မှူးချုပ်အန်ဒရီဆူခါဗက်စကီဟာ အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ရုရှားဗဟိုစစ်ခရိုင် လက်နက်ကိုင်တပ်ပေါင်းစုအဖွဲ့ရဲ့ ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

 

ဗိုလ်မှူးချုပ်အန်ဒရီဆူခါဗက်စကီဟာ နိုဗိုရော့စ်ဆီယက်ဗ်မှာရှိတဲ့ အမှတ် ၇ လေကြောင်းချီတပ်မကို သုံးနှစ်ကြာ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။

 

အန်ဒရီဆူခါဗက်စကီဟာ ချေချင်းစစ်ပွဲ၊ အက်ခါဇီယာစစ်ပွဲနဲ့၊ ဆီးရီးယားစစ်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့သူလည်း ဖြစ်ပါတယ်။

 

ဗိုလ်မှူးချုပ်ဆူခါဗက်စကီ ကျဆုံးမှုဟာ ယူကရိန်းနိုင်ငံအပေါ် ရုရှားထိုးစစ်ဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မ လာ ဘူးလို့အချက်ပေးလိုက်တာဖြစ်ပြီး ယူကရိန်းစစ်သားတွေကိုစိတ်ဓာတ်မြှင့်တင်ပေးလိုက်တာလည်းဖြစ်ပါတယ်။

 

ဗိုလ်မှူးချုပ်အန်ဒရီဆူခါဗက်စကီဟာ စစ်မှုထမ်းကောင်းတံဆိပ် (Military Merit) နဲ့ စွမ်းရည်ဘွဲ့တံဆိပ် (Medal of Courage) တို့ကို ချီးမြှင့်ခံထားရသူလည်းဖြစ်ပါတယ်။

 

ယူကရိန်းစစ်ပွဲအတွင်းမှာ ရုရှားစစ်သည် ၄၉၈ ဦးကျဆုံးပြီး ၁၆၀၀ ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားအစိုးရက မတ်လ ၂ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းဘက်ကအပြောအရတော့ ရုရှားစစ်သည် ၉၀၀၀ ဝန်းကျင်ကျဆုံးသွားပြီလို့ ဆိုပါတယ်။

 

Ref: Russian general killed in Ukraine in ‘major demotivator’ to invading forces, per report

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Russian general killed in Ukraine in ‘major demotivator’ to invading forces, per report

 

#PeopleMedia


Share this post