• Follow Us on

Home ယူဂႏၶာႏိုင္ငံ၌ အက်ဉ္းသား ၂၀၀ ေက်ာ္က လက္နက္မ်ားယူေဆာင္၍ ေထာင္မွထြက္ေျပး

ယူဂႏၶာႏိုင္ငံ၌ အက်ဉ္းသား ၂၀၀ ေက်ာ္က လက္နက္မ်ားယူေဆာင္၍ ေထာင္မွထြက္ေျပး

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၇
ယူဂႏၶာႏိုင္ငံရွိ အက်ဉ္းေထာင္တစ္ခု၌ အက်ဉ္းသားမ်ားက ေထာင္ေစာင့္မ်ားကို ထိန္းသိမ္းကာ အက်ဉ္း သား ၂၁၉ ဦးက ေသနတ္ ၁၅ လက္ႏွင့္အတူ လြတ္ေျမာက္သြားခဲ့သည္။
သို႔ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အက်ဉ္းသားမ်ား ျပန္လည္ဖမ္းဆီးသည့္ စစ္ဆင္ေရးတစ္ရပ္ လုပ္ေဆာင္ခဲ့ရာ အက်ဉ္းသားႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း ယူဂႏၶာတပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာ ၾကားခဲ့သည္။
ယူဂႏၶာႏိုင္ငံအေရွ႕ေျမာက္ပိုင္း ေဝးလံေခါင္ဖ်ားေသာ ေဒသတစ္ခုျဖစ္သည့္ ကာရာမိုဂ်ာၿမိဳ႕ရွိ အက်ဉ္း ေထာင္တစ္ခုမွ အက်ဉ္းသားမ်ား လြတ္ေျမာက္ခဲ့ျခင္းျဖစ္ေၾကာင္း ယူဂႏၶာတပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး ခ်ဳပ္ ဖလာဗီယာဘိုင္ကြာဆိုက ေျပာသည္။
အက်ဉ္းသားမ်ားက ေထာင္မွထြက္မေျပးမီ ေထာင္လက္နက္တိုက္ကို ခ်ိဳးဖ်က္ကာ ေအေက-၄၇ ႐ိုင္ဖယ္ ၁၅ လက္ႏွင့္ က်ဉ္အိမ္ ၂၀၊ အျခားခဲယမ္းမ်ား ယူေဆာင္ခဲ့ၾကသည္။
“ဒါဟာ အစုလိုက္အၿပဳံလုပ္ ေထာင္ေဖာက္ထြင္းမႈျဖစ္ပါတယ္။ အက်ဉ္းသားေတြက ရာဇဝတ္ေကာင္ေတြ ျဖစ္ၿပီး သူတို႔ထဲမွာ လူသတ္ေကာင္ေတြ၊ ဓားျပေတြနဲ႔ မုဒိမ္းေကာင္ေတြ ပါဝင္ပါတယ္။” ဟု ၄င္းက ေျပာသည္။
အက်ဉ္းသားမ်ား ျပန္လည္ဖမ္းဆီးရန္ လုံၿခဳံေရးဆိုင္ရာ စစ္ဆင္ေရးတစ္ရပ္ လုပ္ေဆာင္ေနေၾကာင္း၊ အ က်ဉ္းသားႏွစ္ဦး ေသဆုံးခဲ့ၿပီး ႏွစ္ဦး ျပန္ဖမ္းဆီးမိခဲ့သည္။
အက်ဉ္းသားမ်ား၌ လက္နက္မ်ားရွိေနသည့္အျပင္ စစ္ဆင္ေရးအစတြင္ ေမွာင္ေနမႈက ရွာေဖြေရးလုပ္ ေဆာင္ရာတြင္ ပိုမို ခက္ခဲေစသည္။
ယခုျဖစ္ရပ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားခ်ိန္ေနာက္ပိုင္း ယူဂႏၶာႏိုင္ငံ၌ တတိယအႀကိမ္ေျမာက္ ေထာင္ေဖာက္ထြင္းမႈျဖစ္လာခဲ့သည္။
ေအအက္ဖ္ပီ
Ref; 219 prisoners escape Ugandan jail, some with guns and ammunition – military
#PeopleMedia
(unicode)
ယူဂန္ဓာနိုင်ငံ၌ အကျဉ်းသား ၂၀၀ ကျော်က လက်နက်များယူဆောင်၍ ထောင်မှထွက်ပြေး
………………………………………………………
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇
ယူဂန္ဓာနိုင်ငံရှိ အကျဉ်းထောင်တစ်ခု၌ အကျဉ်းသားများက ထောင်စောင့်များကို ထိန်းသိမ်းကာ အကျဉ်း သား ၂၁၉ ဦးက သေနတ် ၁၅ လက်နှင့်အတူ လွတ်မြောက်သွားခဲ့သည်။
သို့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းသားများ ပြန်လည်ဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ရာ အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ကြောင်း ယူဂန္ဓာတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
ယူဂန္ဓာနိုင်ငံအရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျားသော ဒေသတစ်ခုဖြစ်သည့် ကာရာမိုဂျာမြို့ရှိ အကျဉ်း ထောင်တစ်ခုမှ အကျဉ်းသားများ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ယူဂန္ဓာတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ် ဖလာဗီယာဘိုင်ကွာဆိုက ပြောသည်။
အကျဉ်းသားများက ထောင်မှထွက်မပြေးမီ ထောင်လက်နက်တိုက်ကို ချိုးဖျက်ကာ အေကေ-၄၇ ရိုင်ဖယ် ၁၅ လက်နှင့် ကျဉ်အိမ် ၂၀၊ အခြားခဲယမ်းများ ယူဆောင်ခဲ့ကြသည်။
“ဒါဟာ အစုလိုက်အပြုံလုပ် ထောင်ဖောက်ထွင်းမှုဖြစ်ပါတယ်။ အကျဉ်းသားတွေက ရာဇဝတ်ကောင်တွေ ဖြစ်ပြီး သူတို့ထဲမှာ လူသတ်ကောင်တွေ၊ ဓားပြတွေနဲ့ မုဒိမ်းကောင်တွေ ပါဝင်ပါတယ်။” ဟု ၄င်းက ပြောသည်။
အကျဉ်းသားများ ပြန်လည်ဖမ်းဆီးရန် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်နေကြောင်း၊ အ ကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြန်ဖမ်းဆီးမိခဲ့သည်။
အကျဉ်းသားများ၌ လက်နက်များရှိနေသည့်အပြင် စစ်ဆင်ရေးအစတွင် မှောင်နေမှုက ရှာဖွေရေးလုပ် ဆောင်ရာတွင် ပိုမို ခက်ခဲစေသည်။
ယခုဖြစ်ရပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်နောက်ပိုင်း ယူဂန္ဓာနိုင်ငံ၌ တတိယအကြိမ်မြောက် ထောင်ဖောက်ထွင်းမှုဖြစ်လာခဲ့သည်။
အေအက်ဖ်ပီ
Ref; 219 prisoners escape Ugandan jail, some with guns and ammunition – military

Share this post