• Follow Us on

Home ရန်ကုန်မြို့၌ CDM မပြုလုပ်သည့် မီးရထားဝန်ထမ်းတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

ရန်ကုန်မြို့၌ CDM မပြုလုပ်သည့် မီးရထားဝန်ထမ်းတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်တွင် နေထိုင်သည့် မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးကို CDM မပြုလုပ်သည့်အတွက်ကြောင့်ဆိုကာ အောက်တိုဘာ ၁၃ ရက် ယနေ့ နံနက်တွင် သေနတ်ဖြတ်လုပ်ကြံသတ်ဖြတ်ခံရကြောင်းသိရသည်။

 

အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရသူမှာ အသက် (၅၆) နှစ် ဦးထိန်ဝင်း (ခေါ်) ရန်ကင်းမောင်ဆိုသူဖြစ်ပြီး ဗိုလ်တ ထောင်မြို့နယ်ရှိ မြန်မာ့မီးရထားတိုင်းရုံး အမှတ် (၆) တွင် မြန်မာ့မီးရထားသတင်းနှင့် ပြန်ကြားရေးဌာန၌ တာ ဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

“မနက်က ၉ နာရီလောက်မှာဖြစ်တာ ရုံးသွားနေရင်းနဲ့ သိမ်ဖြူမီးပွိုင့်အရောက်နားမှာဖြစ်တာ အပစ်ခံရတာက တော့ ၃ ချက်ပါ ဦးထိန်ဝင်းကတော့ အခင်းဖြစ်ရာမှာပဲ သေဆုံးသွားပါတယ်” ဟု မင်္ဂလာတောင်ညွန့် ရပ် ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

အဆိုပါ မီးရထားဝန်ထမ်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခြင်းကိစ္စနှင့်ပတ်သက်၍ မည်သည့်အဖွဲ့မှ လုပ်ကြံသတ် ဖြတ်သည်ကို ထုတ်ပြန်ခြင်းလည်း ထုတ်ပြန်ခြင်းမရှိသေးပါ။

 

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် CDM မပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်း များအပါအဝင်၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေလျက်ရှိသည်။

 

Photo – credit

 

#PeopleMedia #မီးရထားဝန်ထမ်း #CDM

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 

Photo – credit

 



Share this post